ရေး-သံဖြူဇရပ်သွားကားလမ်းမှာ ဘုရားဖူးကားနဲ့ကုန်တင်ကားတိုက် ခုနှစ်ယောက်သေဆုံး

0
321

(Unicode)

ရေး-သံဖြူဇရပ်သွားကားလမ်းမှာ ဘုရားဖူးကားနဲ့ကုန်တင်ကားတိုက် ခုနှစ်ယောက်သေဆုံး

မွန်ပြည်နယ်က ရေး-သံဖြူဇရပ်သွားကားလမ်းရဲ့ နှစ်ကရင်လမ်းဝမှာ နိုဝင်ဘာ ၁၁ ရက်နေ့လည် ၃ နာရီခွဲလောက်က ဘုရားဖူးကားနဲ့ရာဘာသစ်တွေတင်လာတဲ့ ကုန်တင်ကားတိုက်မိတာကြောင့် အမျိုးသမီးခြောက်ယောက်နဲ့အမျိုးသားတစ်ယောက်တို့သေဆုံးခဲ့ပြီး ခြောက်ယောက်ဒဏ်ရာရခဲ့ပါတယ်။

“ဘုရားဖူးကားက လိုက်ထရပ်ကားပါ ထားဝယ်ဖက်ကလာတယ်လို့သိရတယ် ဘယ်လိုကြောင့်တိုက်မိတယ်ဆိုတာတော့သေချာမသိရသေးဘူး ပရဟိတကားတွေတော်တော်များများလာပြီးကူညီပေးကြတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖြစ်စဥ်မှာ ဒဏ်ရာရတဲ့ခြောက်ယောက်ကို ရေးပြည်သူ့ဆေးရုံကိုတင်ပို့ကုသပေးခဲ့ပြီး သေဆုံးသူ ခုနှစ်ယောက်ကိုတော့ ဆေးရုံကရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။

Photo-ဌေးလင်းအောင်

(Zawgyi)





Photo-ဌေးလင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here