အမေရိကန်သတင်းသမား Danny Fenster ကို ထောင် ၁၁နှစ်ချမှတ်

0
172

(Unicode)

အမေရိကန်သတင်းသမား Danny Fenster ကို ထောင် ၁၁နှစ်ချမှတ်

အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster ကို ထောင်၁၁နှစ် ကျခံစေဖို့ ဒီကနေ့မှာ အမိန့်ချလိုက်တယ်လို့ အမေရိကန်သတင်းသမားရဲ့ ရှေ့နေက ပြောပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)၊လူဝင်မှုဥပဒေ ပုဒ်မ ၁၃(၁) အမှု ၃မှုအတွက် ထောင်ဒဏ် ၁၁နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်က ပြုလုပ်တဲ့ ရုံးချိန်းအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ပုဒ်မ နှစ်ခု ထပ်တိုးအမှုဖွင့်ထားတာလည်းရှိနေပြီး နောက်တိုးအမှု ၂မှုကို အမေရိကန်သတင်းသမား Danny Fenster က ဆက်လက် ရင်ဆိုင်ရအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်သတင်းသမား Danny Fenster ဟာ ဖရွန်းတီးယားမြန်မာ သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ အဖြစ်တာဝန်ထမ်းဆောင်နေစဉ် မေလ ၂၄ ရက်နေ့ ရန်ကုန်လေဆိပ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

(Zawgyi)

အေမရိကန္သတင္းသမား Danny Fenster ကို ေထာင္ ၁၁ႏွစ္ခ်မွတ္

အင္းစိန္အက်ဥ္းေထာင္တြင္ ထိန္းသိမ္းခံထားရတဲ့ အေမရိကန္သတင္းသမား Danny Fenster ကို ေထာင္၁၁ႏွစ္ က်ခံေစဖို႔ ဒီကေန႔မွာ အမိန႔္ခ်လိုက္တယ္လို႔ အေမရိကန္သတင္းသမားရဲ႕ ေရွ႕ေနက ေျပာပါတယ္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(က)၊ မတရားအသင္းဆက္သြယ္မႈ ဥပေဒ ပုဒ္မ ၁၇(၁)၊လူဝင္မႈဥပေဒ ပုဒ္မ ၁၃(၁) အမႈ ၃မႈအတြက္ ေထာင္ဒဏ္ ၁၁ႏွစ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။

ႏိုဝင္ဘာလ ၉ ရက္က ျပဳလုပ္တဲ့ ႐ုံးခ်ိန္းအတြင္း ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဆိုင္ရာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၂၄-က ၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀(က) ပုဒ္မ ႏွစ္ခု ထပ္တိုးအမႈဖြင့္ထားတာလည္းရွိေနၿပီး ေနာက္တိုးအမႈ ၂မႈကို အေမရိကန္သတင္းသမား Danny Fenster က ဆက္လက္ ရင္ဆိုင္ရအုံးမွာျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္သတင္းသမား Danny Fenster ဟာ ဖ႐ြန္းတီးယားျမန္မာ သတင္းဌာနရဲ႕ သတင္းခန္းအုပ္ခ်ဳပ္မႈအယ္ဒီတာ အျဖစ္တာဝန္ထမ္းေဆာင္ေနစဥ္ ေမလ ၂၄ ရက္ေန႔ ရန္ကုန္ေလဆိပ္မွာ အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here