လှိုင်မြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ စိတ်ကြွဆေးပြားနဲ့မူးယစ်ဆေးဝါးတွေဖမ်းမိ

0
229

(Unicode)

လှိုင်မြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ စိတ်ကြွဆေးပြားနဲ့မူးယစ်ဆေးဝါးတွေဖမ်းမိ

 

ရန်ကုန်တိုင်းက လှိုင်မြို့နယ်နဲ့သာကေတမြို့နယ်တို့မှာ နိုဝင်ဘာ ၁၁ ရက်မနက် ၁၁ နာရီခွဲ၊နေ့လည် ၁ နာရီခွဲတို့မှာ စိတ်ကြွဆေးပြားတွေနဲ့မူးယစ်ဆေးဝါးတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

လှိုင်မြို့နယ်၊(၉)ရပ်ကွက်၊အင်းစိန်လမ်းမကြီးအတိုင်း သုခကားမှတ်တိုင်ဖက်ကနေ လမ်းလျှောက်လာတဲ့ ကျော်ဇင်ထွန်း(ခ)မှန်လေး(၃၁)နှစ်ကိုရှာဖွေရာက စိတ်ကြွဆေးပြား ၁၁၆၀ ပြားကိုဖမ်းဆီးရမိခဲ့တာပါ။

စစ်ဆေးဖော်ထုတ်ချက်အရ သာကေတမြို့နယ်၊၃/ရန်ပြေရပ်ကွက်၊အရှေ့/၂၀ လမ်းက ပံသုကျော်(ခ)ပိုင်ကြီး(၂၆)နှစ်ရဲ့နေအိမ်အိပ်ခန်းထဲကနေ စိတ်ကြွဆေးပြား ၆၁၈၅ ပြား၊မက်သ်အဖက်တမင်း(ICE)အလေးချိန် ၁၃၀ ဂရမ်၊ဆေးခြောက်အလေးချိန် ၄၀၀ ဂရမ်ကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူနှစ်ယောက်ကို သက်ဆိုင်ရာရဲစခန်းတွေက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။

(Zawgyi)

လႈိင္ၿမိဳ႕နယ္နဲ႔ သာေကတၿမိဳ႕နယ္တို႔မွာ စိတ္ႂကြေဆးျပားနဲ႔မူးယစ္ေဆးဝါးေတြဖမ္းမိ

ရန္ကုန္တိုင္းက လႈိင္ၿမိဳ႕နယ္နဲ႔သာေကတၿမိဳ႕နယ္တို႔မွာ ႏိုဝင္ဘာ ၁၁ ရက္မနက္ ၁၁ နာရီခြဲ၊ေန႔လည္ ၁ နာရီခြဲတို႔မွာ စိတ္ႂကြေဆးျပားေတြနဲ႔မူးယစ္ေဆးဝါးေတြကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးရမိခဲ့ပါတယ္။

လႈိင္ၿမိဳ႕နယ္၊(၉)ရပ္ကြက္၊အင္းစိန္လမ္းမႀကီးအတိုင္း သုခကားမွတ္တိုင္ဖက္ကေန လမ္းေလွ်ာက္လာတဲ့ ေက်ာ္ဇင္ထြန္း(ခ)မွန္ေလး(၃၁)ႏွစ္ကိုရွာေဖြရာက စိတ္ႂကြေဆးျပား ၁၁၆၀ ျပားကိုဖမ္းဆီးရမိခဲ့တာပါ။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ သာေကတၿမိဳ႕နယ္၊၃/ရန္ေျပရပ္ကြက္၊အေရွ႕/၂၀ လမ္းက ပံသုေက်ာ္(ခ)ပိုင္ႀကီး(၂၆)ႏွစ္ရဲ႕ေနအိမ္အိပ္ခန္းထဲကေန စိတ္ႂကြေဆးျပား ၆၁၈၅ ျပား၊မက္သ္အဖက္တမင္း(ICE)အေလးခ်ိန္ ၁၃၀ ဂရမ္၊ေဆးေျခာက္အေလးခ်ိန္ ၄၀၀ ဂရမ္ကို ထပ္မံဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူႏွစ္ေယာက္ကို သက္ဆိုင္ရာရဲစခန္းေတြက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here