မြန်မာနိုင်ငံအတွက် အရေးပါသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်မြန်မာ-အိန္ဒိယ ဆွေးနွေး

0
188

(Unicode)

မြန်မာနိုင်ငံအတွက် အရေးပါသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်မြန်မာ-အိန္ဒိယ ဆွေးနွေး

မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ် ထားသော မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ သင်ကြား သင်ယူမှု ကိစ္စရပ်များအပါအဝင် အိုင်စီတီ နယ်ပယ်တွင် လူသားအရင်းအမြစ် ပြုစုပျိုး ထောင်ခြင်း များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေတိုွှနှင့် စပ်လျဉ်းပြီးနစက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E Mr. Saurabh Kumar တို့ နိုဝင်ဘာ ၁၁ရက်က နေပြည်တော်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးဌာနဘက်ကပြောသည်။

ဆွေးနွေးမှုထဲ အိန္ဒိယနိုင်ငံရှိ India Institute of Information Technology – Bangalore(IIIT-B) နှင့် တက္ကသိုလ် အချင်းချင်း ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေလည်းပါသည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍနှင့် ဇီဝနည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်လည်းပါသည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် မန္တလေးနည်းပညာတက္ကသိုလ်တွင် Remote Sensing ဌာနနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

(Zawgyi)


မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ် ထားသော မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ သင်ကြား သင်ယူမှု ကိစ္စရပ်များအပါအဝင် အိုင်စီတီ နယ်ပယ်တွင် လူသားအရင်းအမြစ် ပြုစုပျိုး ထောင်ခြင်း များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေတွှိုနှင့် စပ်လျဉ်းပြီးနစက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E Mr. Saurabh Kumar တို့ နိုဝင်ဘာ ၁၁ရက်က နေပြည်တော်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးဌာနဘက်ကပြောသည်။




LEAVE A REPLY

Please enter your comment!
Please enter your name here