အာဆီယံအဖွဲဝင်နိုင်ငံများအနေနဲ့ကိုဗစ်(၁၉) ရောဂါကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘုံအကျိုးစီးပွားအဖြစ် ပေါင်းစပ်ညှိနှိင်းဖြေရှင်းဆောင်ရွက်သွားရမယ်လို နစက ဒု-ဥက္ကဋ္ဌပြော

0
404

အာဆီယံအဖွဲဝင်နိုင်ငံများအနေနဲ့ကိုဗစ်(၁၉) ရောဂါကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘုံအကျိုးစီးပွားအဖြစ် ပေါင်းစပ်ညှိနှိင်းဖြေရှင်းဆောင်ရွက်သွားရမယ်လို နစက ဒု-ဥက္ကဋ္ဌပြော

နိုဝင်ဘာ ၁၂ ရက်ကကျင်းပတဲ့ (၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအ ဝေးကို Virtual Conferencing စနစ်နဲ့ကျင်းပရာမှာ “ကိုဗစ်-19 ကပ်ရောဂါအလွန် ပြန်လည်ထူ ထောင်ရေး အာဆီယံကြည်းတပ်များရဲ့ အခန်းကဏ္ဍ(The Role of ASEAN Armies In the Process of Rehabilitation After the COVID-19 Pandemic)ခေါင်းစဉ်နဲ့ပတ်သက်ပြီး နစက ဒု-ဥက္ကဋ္ဌ ကအထက်ပါအတိုင်းဦးဆောင်ဆွေးနွေးပြောကြားခဲ့တာပါ။

“အာဆီယံဒေသအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ကိုဗစ်(၁၉)ရောဂါရိုက်ခတ်မှုဒဏ်ကို ခံစားနေကြရတာ နှစ် နှစ်နီးပါးရောက်ရှိလာပြီသလို ရောဂါ ကာကွယ်ဆေးတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးထိုးနှံမှုတွေ လုပ်နိုင်ခဲ့ပြီဖြစ်ပေမဲ့ ရောဂါကူးစက်ပျံ့နှံမှုကို ထိန်းချုပ်နိုင်ဖို ခက်ခဲ နေတဲ့အပြင် မျိုးရိုးဗီဇကွဲဗိုင်းရပ်သစ် ထပ်ပေါ် လာတဲ့ အန္တရာယ်ကိုရင်ဆိုင်နေကြရပါတယ်”လို နစက ဒု-ဥက္ကဋ္ဌ ကပြောပါတယ်။

ကိုဗစ်(၁၉)ရောဂါကြောင့် လူသန်းပေါင်းများစွာထိခိုက်ခံစားခဲ့ကြရပြီး ကမ္ဘာလုံးဆိုင်ရာစီးပွား ရေးလည်း သိသိသာသာကျဆင်းသွားခဲ့လို စီးပွား ရေးနဲ့ဆက်စပ်ပြီး လူမှုစီးပွားဘဝပြန်လည်နလန်ထူရေးလုပ်ငန်းဟာ ကိုဗစ်(၁၉)ရောဂါအလွန်ကာလ နိုင်ငံအားလုံးဦးစားပေးလုပ်ဆောင်ရမဲ့ အရေးကြီးဆုံးလုပ်ငန်း တစ်ခုဖြစ်လာပါတယ်လိုပြောသည်။

ဆောင်ရွက်ရာမှာလည်း နိုင်ငံတွေကြား တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်သွားဖိုလိုအပ်ပြီး အထူးသဖြင့် အာဆီယံအဖွဲဝင်နိုင်ငံတွေအနေနဲ့ ကိုဗစ်(၁၉)ရောဂါတိုက်ဖျက်ရေး ရောဂါအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဘုံအကျိုး စီးပွားအဖြစ် သိမှတ်ခံယူပြီး ပေါင်းစပ်ညှိ နှိင်းဖြေရှင်းဆောင်ရွက်တာတွေလုပ်သွားရင် နိုင်ငံအား လုံးအတွက် ပိုမိုထိရောက်အကျိုးများစေမှာဖြစ်ပါတယ်လို နစက ဒု-ဥက္ကဋ္ဌ ကဆွေးနွေးပြောကြားခဲ့ပါတယ်။

Zaw Gyi

“အာဆီယံအဖြဲဝင္နိုင္ငံမ်ားအေနနဲ႔ကိုဗစ္(၁၉) ေရာဂါကာလအလြန္ ျပန္လည္ထူေထာင္ေရ းလုပ္ငန္းေတြကို ဘုံအက်ိဳးစီးပြား အျဖစ္ ေပါင္းစပ္ညႇိႏွိင္းေျဖရွင္းေဆာင္ရြက္ သြားရမယ္လို နစက ဒု-ဥကၠ႒ေျပာ”

နိုဝင္ဘာ ၁၂ ရက္ကက်င္းပတဲ့ (၂၂)ႀကိမ္ေျမာက္ အာဆီယံၾကည္းတပ္ဦးစီးခ်ဳပ္မ်ား အစည္းအ ေဝးကို Virtual Conferencing စနစ္နဲ႔က်င္းပရာမွာ “ကိုဗစ္-19 ကပ္ေရာဂါအလြန္ ျပန္လည္ထူ ေထာင္ေရး အာဆီယံၾကည္းတပ္မ်ားရဲ့ အခန္းက႑(The Role of ASEAN Armies In the Process of Rehabilitation After the COVID-19 Pandemic)ေခါင္းစဥ္နဲ႔ပတ္သက္ၿပီး နစက ဒု-ဥကၠ႒ ကအထက္ပါအတိုင္းဦးေဆာင္ေဆြးေႏြးေျပာၾကားခဲ့တာပါ။

“အာဆီယံေဒသအပါအဝင္ ကမၻာတစ္ဝန္းလုံးမွာ ကိုဗစ္(၁၉)ေရာဂါ ရိုက္ခတ္မွုဒဏ္ကို ခံစားေနၾကရတာ ႏွစ္ ႏွစ္နီးပါးေရာက္ရွိလာၿပီသလို ေရာဂါ ကာကြယ္ေဆးေတြကိုလည္း ထုတ္လုပ္နိုင္ခဲ့ၿပီး ကမၻာတစ္ဝန္းလုံးထိုးႏွံမွုေတြ လုပ္နိုင္ခဲ့ၿပီျဖစ္ေပမဲ့ ေရာဂါကူးစက္ပ်ံ႕ႏွံမွုကို ထိန္းခ်ဳပ္နိုင္ဖို ခက္ခဲ ေနတဲ့အျပင္ မ်ိဳးရိုးဗီဇကြဲဗိုင္းရပ္သစ္ ထပ္ေပၚ လာတဲ့ အႏၲရာယ္ကိုရင္ဆိုင္ေနၾကရပါတယ္”လို နစက ဒု-ဥကၠ႒ ကေျပာပါတယ္။

ကိုဗစ္(၁၉)ေရာဂါေၾကာင့္ လူသန္းေပါင္းမ်ားစြာထိခိုက္ခံစားခဲ့ၾကရၿပီး ကမၻာလုံးဆိုင္ရာစီးပြား ေရးလည္း သိသိသာသာက်ဆင္းသြားခဲ့လို စီးပြား ေရးနဲ႔ဆက္စပ္ၿပီး လူမွုစီးပြားဘဝျပန္လည္နလန္ထူေရးလုပ္ငန္းဟာ ကိုဗစ္(၁၉)ေရာဂါအလြန္ကာလ နိုင္ငံအားလုံးဦးစားေပးလုပ္ေဆာင္ရမဲ့ အေရးႀကီးဆုံးလုပ္ငန္း တစ္ခုျဖစ္လာပါတယ္လိုေျပာသည္။

ေဆာင္ရြက္ရာမွာလည္း နိုင္ငံေတြၾကား တစ္နိုင္ငံနဲ႔တစ္နိုင္ငံ ပူးေပါင္းေဆာင္ရြက္မွုေတြ အရင္ထက္ပိုၿပီး တိုးျမႇင့္ေဆာင္ရြက္သြားဖိုလိုအပ္ၿပီး အထူးသျဖင့္ အာဆီယံအဖြဲဝင္နိုင္ငံေတြအေနနဲ႔ ကိုဗစ္(၁၉)ေရာဂါတိုက္ဖ်က္ေရး ေရာဂါအလြန္ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြမွာ ဘုံအက်ိဳး စီးပြားအျဖစ္ သိမွတ္ခံယူၿပီး ေပါင္းစပ္ညႇိ ႏွိင္းေျဖရွင္းေဆာင္ရြက္တာေတြလုပ္သြားရင္ နိုင္ငံအား လုံးအတြက္ ပိုမိုထိေရာက္အက်ိဳးမ်ားေစမွာျဖစ္ပါတယ္လို နစက ဒု-ဥကၠ႒ ကေဆြးေႏြးေျပာၾကားခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here