ဂျပန်နိုင်ငံတွင်ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထပ်စောင်းထိုးနှံရန်ပြင်ဆင်

0
2391

ဂျပန်နိုင်ငံတွင်ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထပ်စောင်းထိုးနှံရန်ပြင်ဆင်

 

 

ဂျပန်အစိုးရဟာ ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ် ထပ်စောင်းထိုးနှံရန် ပြင်ဆင်နေပြီး ယခုလိုထိုးနှံရခြင်းဟာ ရှေ့လကစတင်ပြီး ဂျပန်နိုင်ငံမှာ ကိုဗစ် ဆဋ္ဌမလှိုင်းဖြစ်လာနိုင်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ကာကွယ်ဆေးထိုးနှံမှုတွေလိုပဲ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံပေးသွားဖို့ရည်ရွယ်ထားပြီး သက်ကြီးရွယ်အိုတွေကိုတော့ လာမည့်နှစ်ဖေဖော်ဝါရီလအစောပိုင်းမှာ ထိုးနှံပေးသွားမည်ဖြစ်ကာ တစ်ရက်ကိုကာကွယ်ဆေးအလုံးရေ ၆သိန်းထိုးနှံနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

မတ်လအတွင်းမှာတော့ လူငယ်တွေကိုထိုးနှံပေးသွားမှာဖြစ်ပြီး တစ်ရက်ကို ကာကွယ်ဆေးအလုံးရေ ၉သိန်းထိုးနှံပေးသွားမှာဖြစ်ပါတယ်။ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ရဲ့တာဝန်ရှိသူ Horiuchi Noriko က “အစိုးရကအခုကာကွယ်ဆေးထိုးအစီအစဉ်ကို မကြာခင်အသေးစိတ်ပြောပြပေးသွားမှာပါ၊

ဖေဖော်ဝါရီအစမှာဖြစ်ပါမယ်၊ ကုမ္ပဏီတွေ၊တက္ကသိုလ်တွေနဲ့လည်း ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့သူမက နိုဝင်ဘာလ ၁၂ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Zaw Gyi

 







LEAVE A REPLY

Please enter your comment!
Please enter your name here