မိမိဆန္ဒ အလျောက် ကာကွယ်ဆေးထိုးနှံခြင်းမရှိလျှင် ပတ်ဝန်းကျင်အပေါ် တာဝန် မကင်းကြောင်း ဂျာမနီဥပဒေအရာရှိ Angela Merkel ပြော

0
241

မိမိဆန္ဒ အလျောက် ကာကွယ်ဆေးထိုးနှံခြင်းမရှိလျှင် ပတ်ဝန်းကျင်အပေါ် တာဝန် မကင်းကြောင်း ဂျာမနီဥပဒေအရာရှိ Angela Merkel ပြော

မိမိဆန္ဒအလျောက်ကာကွယ်ဆေးထိုးနှံခြင်းမရှိလျှင် ပတ်ဝန်းကျင်အပေါ်တာဝန်မကင်းကြောင်း ဂျာမနီဥပဒေအရာရှိ Angela Merkel ပြော

မိမိသဘောဆန္ဒအလျောက် ကိုဗစ်ကာကွယ်ဆေးမထိုးနှံသူတွေဟာ ကိုဗစ်စတုတ္ထလှိုင်းဖြစ်မယ်ဆိုရင် ၎င်းတို့တာဝန်မကင်းတာကိုနားလည်ရမည်ဖြစ်ကြောင်း ဂျာမနီ ဥပဒေအရာရှိ Angela Merkel က နိုဝင်ဘာလ ၁၂ရက်နေ့ကပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာအာရှပစိဖိတ်ဆွေးနွေးပွဲတစ်ခုမှာပြောဆိုခဲ့တာပါ။

ဆက်လက်ပြီး “ကာကွယ်ဆေးထိုးတဲ့ကိစ္စကို မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ရမယ်၊ ကာကွယ်ဆေးထိုးဖို့ဆိုတာ အခွင့်အလမ်းတစ်ခုပါပဲ၊ သိပ္ပံနဲ့နည်းပညာတို့ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ” လို့ သူမကဆက်ပြောထားပါတယ်။

ဥရောပနိုင်ငံတွေမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ကိုဗစ်ကူးစက်မှုတွေ တဖြည်းဖြည်းပြန်လည်မြင့်တက်လာပြီး အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေမှာလည်း ကာကွယ်ဆေးမထိုးနှံရသေးသူတွေရှိနေသေးကာ ဒီကပ်ရောဂါကြီးက နောက်ထပ်တစ်ကြိမ်ထပ်ပြီးဒုက္ခပေးမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေဟာ ရောဂါကူးစက်ခံရရင် အခြေအနေပိုဆိုးနိုင်ပြီး ကာကွယ်ဆေးထိုးမထားဘူးဆိုရင်တော့ စိုးရိမ်ဖွယ်အနေအထားတစ်ခုဖြစ်ပါတယ်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here