Now We Are Breaking Up ဇာတ်လမ်းတွဲ အပိုင်း၁ မှာတင် ကြည့်ရှုနှုန်းအမြင့်ဆုံးရခဲ့

0
208

Now We Are Breaking Up ဇာတ်လမ်းတွဲ အပိုင်း၁ မှာတင် ကြည့်ရှုနှုန်းအမြင့်ဆုံးရခဲ့

နိုဝင်ဘာ၁၂ရက်နေ့၊ ကိုရီးယားစံတော်ချိန် ည၁၀ နာရီမှာထုတ်လွှင့်ခဲ့တဲ့ SBS ရဲ့ Now We Are Breaking Up ဇာတ်လမ်းတွဲဟာ အပိုင်း ၁မှာတင် ပျမ်းမျှတစ်နိုင်ငံလုံး အဆင့်သတ်မှတ်မှု ၆.၄% နဲ့ အမြင့်ဆုံး ၈.၄% ရခဲ့ပါတယ်။

အဲ့နေ့တချိန်တည်းမှာပဲ MBC ရဲ့ The Red Sleeve ဇာတ်လမ်းတွဲအပိုင်း (၁)ကိုပါထုတ်လွှင့်ခဲ့ပြီး ပျမ်းမျှတနိုင်ငံလုံးအဆင့် သတ်မှတ်မှု ၅.၇%နဲ့ အမြင့်ဆုံး ၈% ကိုရရှိခဲ့ပါတယ်။

Nielsen Korea ရဲ့အဆိုအရ Now We Are Breaking Up ဟာ သောကြာ-စနေ ဒရာမာရဲ့ ကြည့်ရှုသူအမြင့်ဆုံးစံချိန်ကို ရခဲ့တယ်လို့ဆိုပါတယ်။

Now We Are Breaking Up ကတော့ ဖက်ရှင် လောကက လက်တွေ့ကျတဲ့ ချစ်သူစုံတွဲအ ကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး Song Hye Kyo နဲ့ Jang Ki Young တို့သရုပ်ဆောင်ထားတာပါ။

The Red Sleeve ကတော့ Lee Junho နဲ့ Lee Se Young တို့သရုပ်ဆောင်ထားပြီး သမိုင်းနောက်ခံရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here