မော်လမြိုင်မှာ မိသားစုလိုက် ဓားခုတ်ခံရ နှစ်ယောက်သေဆုံး နှစ်ယောက် ဒဏ်ရာပြင်းထန်

0
98
မော်လမြိုင်မှာ မိသားစုလိုက်ဓားခုတ်ခံရ နှစ်ယောက်သေဆုံး နှစ်ယောက်ဒဏ်ရာပြင်းထန်
မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မြိုင်သာယာရပ် ကွက်မှာ နိုဝင်ဘာ ၁၃ ရက်ည ၇ နာရီခွဲလောက်က ကုန်မာဆိုင်ပိုင်ရှင် မိသားစုထမင်းစားနေချိန်မှာ အမျိုးသားတစ်ယောက်က အိမ်ပေါ်တက်ပြီး မြက်ရိတ်ဓားနဲ့ခုတ်ခဲ့တာကြောင့် ကိုအောင်(၄၇) နှစ်နဲ့သားဖြစ်သူ ဂျိုနိက်(ခ)အောင်ပြည့်စုံ (၉)နှစ်တို့ အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး မတင်နီလာစိုး(၃၂)နှစ်နဲ့သမီးအလတ်မ ဒဏ်ရာအပြင်းအထန်ရပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကို အတွင်းလူနာတွေအဖြစ်တင်ပို့ကုသနေရပါတယ်။
“တော်တော် ရက်ရက်စက်စက်ခုတ်သတ်သွားတာ သားအဖနှစ်ယောက်ပွဲချင်းပြီးပဲ အမျိုးသမီးနဲ့ကလေးမလေးကို ဆေးရုံပိုလိုက်ရတယ် ဓားခုတ်ခံရတဲ့ ကိုအောင်က အနေအေးသလိုစကားပြောလည်းအေးတယ်”လို့ မော်လမြိုင်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ယောက်ကပြောပါတယ်။
ဓားခုတ်ခံရတာကြောင့် မတင်နီလာစိုးမှာ ဘယ်ဖက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ ဦးခေါင်းနဲ့လည်ပင်းတို့မှာပြတ်ရှဒဏ်ရာတွေနဲ့ သမီးလတ်ဖြစ်သူမှာ ဘယ်ဘက်ဦးခေါင်းနဲ့လည်ပင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားတာကြောင့် အရေးပေါ်ကုသဆောင်ကနတဆင့် အရိုးအကြောကုသဆောင်ကိုပို့ထားရပါတယ်။
အခင်းဖြစ်ရပ်မှာ ဓားနဲ့ခုတ်သတ်သွားတဲ့သူဟာ သတ်ခံရတဲ့မိသားစုဆီမှာ အလုပ်လုပ်နေရာကနေ အလုပ်ရှင်က လူမှုရေးကိစ္စနဲ့ပတ်သက်ပြီး ဆုံးမတာကိုမကျေနပ်တဲ့အတွက် အခုလိုခုတ်သတ်သွားတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်း အဝိုင်းကနေ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here