ဝမ်းတွင်းမြို့တွင် ဆိုင်ကယ်ကယ်ရီ ယာဉ်မောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
211
ဝမ်းတွင်းမြို့တွင် ဆိုင်ကယ်ကယ်ရီယာဉ်မောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဝမ်းတွင်းမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးတစ်ဦးကို ဒလန်ဟု စွပ်စွဲချက်ဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့၍ သေဆုံးသွားသည်။
သေဆုံးသူမှာ ဝမ်းတွင်း(၃)ရပ်ကွက်နေ ကိုချက်ဖောင်း(ခ)ကိုတင်မျိုးထွန်း ဖြစ်သည်။
ဦးခေါင်း နောက်စေ့ ဖောက်ဝင်ဒဏ်ရာ၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာပုခုံး ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ ရရှိပြီး ယင်းနေရာတွင်ပင် သေဆုံးသွားသည်။
“သေနတ်နဲ့ ဆက်တိုက်ပစ်ခံရပြီး သေသွားတယ်လို့ ကြားရတယ်။လက်ဖက်ရည်ဆိုင်မှာ ထိုင်သောက်နေတုန်းဖြစ်တာ”ဟု မြို့ခံတစ်ဦးကပြောပြသည်။
အခင်းဖြစ်ပွားရာနေရာမှ ကျည်(၄)ခု သိမ်းဆည်းခဲ့ရမိထားသည်။
ကိုချက်ဖောင်းသည် သတင်းပေးတစ်ဦးဖြစ်၍ မိတ္ထီလာ၊သာစည်၊ဝမ်းတွင်း၊မလှိုင်မြို့တို့မှ PDFပူးပေါင်းအဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here