ရှမ်း(မြောက်)မှမန္တလေးသို့ သယ်လာသည့် မူးယစ်ဆေးများ ဖမ်းမိ

0
116
ရှမ်း(မြောက်)မှမန္တလေးသို့ သယ်လာသည့် မူးယစ်ဆေးများ ဖမ်းမိ
ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း ပေါ် မောင်းနှင်နေသည့် မော်တော်ယာဉ်ထက်မှ မူးယစ်ဆေးဝါးများ နိုဝင်ဘာ ၁၁ရက်က ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကပြောသည်။
ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း၊ ညောင်ကုန်းကျေးရွာအနီးတွင် မောင်းနှင်လာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေစဉ် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၁၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ရာ ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ၄ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့သည်ဟုမူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကပြောသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို ၄ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here