မီးလောင်မှု ဖြစ်ပွားခဲ့သည့် နတ်မောက်ဈေး ဆိုင်ခန်း၂၀၀ကျော် ပျက်စီးသွားခဲ့

0
177
မီးလောင်မှုဖြစ်ပွားခဲ့သည့်နတ်မောက်ဈေးဆိုင်ခန်း၂၀၀ကျော် ပျက်စီးသွားခဲ့
မကွေးတိုင်း၊ နတ်မောက်မြို့၊စျေးရပ်ကွက်မှာရှိတဲ့ မြို့မစျေးဟာ ည ၉ နာရီ ၄၀ မိနစ်လောက်ကစတင် မီး​​လောင်ခဲ့ပြီး မီးသတ်ကား ၁၃ စီးနဲ့အတူပတ်ဝန်းကျင်နေသူတွေ စျေးမှာဆိုင်ဖွင့်ထားတဲ့သူတွေက သတင်းကြားချင်းလာရောက်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာကြောင့် ည ၁၁ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲစခန်းက သိရပါတယ်။
နတ်မောက်တစ်နယ်လုံး အားထားနေရသည့် နတ်မောက်မြို့မဈေး နိုဝင်ဘာ၁၃ရက်ညက မီးလောင်ခဲ့ရာတွင် ဆိုင်ခန်းပေါင်း ၂၄၂ ခန်း မီးသင့်ခဲ့ရပါတယ် ။
“ဈေးအလယ်တောင်မြောက်လမ်း အရှေ့ဘက် အတွင်းဘက်တစ်ခြမ်းလုံးလောင်ကျွမ်းသွားတယ်”ဟု ဒေသခံတစ်ဦးကပြောပါတယ်။
“ည ၁၁ နာရီ ၁၅ မိနစ်မှာလောင်နေတဲ့မီးကိုထိန်းနိုင်ခဲ့ပါတယ် ဆက်ပြီးငြိမ်းသတ်ခဲ့တာကြောင့် ၁၁ နာရီ ၄၅ မိနစ်လောက်မှာလုံးဝမီးငြိမ်းသွားတယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့မရှိပါဘူး အနည်းအကျဥ်းထိခိုက်မိလို ပွန်းပဲ့တာလောက်ပဲရှိပါတယ်”လို့နတ်မောက်မြိုနယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။
မီးလောင်မှုဖြစ်စဥ်မှာ ဘယ်ကနေစတင်လောင် ကျွမ်းတယ် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာကို မီးသတ်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ကစစ်ဆေးနေကြပါတယ်။
“ဆိုင်ခန်းတော်တော်များများတော့ မီးလောင်တဲ့အထဲပါသွားတယ်”လို့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သူတစ်ယောက်က ​ပြောပါတယ်။
ဓါတ်ပုံ _ မြို့ခံပြည်သူ အချို့ ရိုက်ကူးထား​သော ပုံများဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here