ရန်ကုန်က မြိုနယ်လေးခုမှာ မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်

0
115

ရန်ကုန်က မြိုနယ်လေးခုမှာ မနက်အစောပိုင်းကဗုံးပေါက်ကွဲမှုတွေဖြစ်

ရန်ကုန်မြိုက သင်္ဃန်းကျွန်းမြိုနယ်၊ကြည့်မြင်တိုင်မြိုနယ်၊ဗဟန်းမြိုနယ်နဲ့မရမ်းကုန်းမြိုနယ်တိုမှာ နိုဝင်ဘာ ၁၅ ရက်(ယနေ့)မနက်အစောပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

မနက် ၆ နာရီလောက်မှာ သင်္ဃန်းကျွန်းမြိုနယ်က ကြီးပွားရေးရပ်ကွက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

ကြည့်မြင်တိုင်မြိုနယ်က အမှတ်(၅)အထကကျောင်းနားမှာ မနက် ၆ နာရီဝန်းကျင်လောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။အဲဒီဖြစ်စဥ်မှာ မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးရှိနေသေးလို ရှင်း လင်းရေးတွေလုပ်နေတယ်လို ကျောင်းအနီးနေသူတွေကပြောပါတယ်။

ဗဟန်းမြိုနယ်၊ဥဿဖယားလမ်းမှာရှိတဲ့ နေအိမ်တစ်လုံးလည်း မနက် ၈ နာရီကျော်က ဗုံးနဲ့ပစ်ခံခဲ့ရပါတယ်။

မနက် ၆ နာရီခွဲလောက်က မရမ်းကုန်းမြိုနယ် (၆)ရပ်ကွက်မှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် လူတွေထိခိုက်ဒဏ်ရာရခဲ့တာမရှိပါဘူး။ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်မှာ လုံခြုံရေးအဖွဲတွေက လမ်းတွေကိုပိတ်ဆိုစစ်ဆေးတာ ရပ်ကွက်အတွင်းတွေထဲဝင်ရောက်စစ်ဆေးတာ ဖြတ်သွားသူတွေကိုစစ်ဆေးတာတွေလုပ်နေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here