ကမ္ဘောဒီးယားနိုင်ငံတွင် ကာကွယ်ဆေးထိုးပြီးသောနိုင်ငံခြားခရီးသွားများ ကွာရန်တင်းဝင်ရောက်ရန်မလို

0
503

(Unicode)

ကမ္ဘောဒီးယားနိုင်ငံတွင် ကာကွယ်ဆေးထိုးပြီးသောနိုင်ငံခြားခရီးသွားများ ကွာရန်တင်းဝင်ရောက်ရန်မလို

ယခုလ နိုဝင်ဘာ ၁၅ရက်နေ့မှစတင်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားသောနိုင်ငံခြားခရီးသွားများ ကွာရန်တင်းဝင်ရန်မလိုဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က နိုဝင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာရှည်လျားတဲ့ကွာရန်တင်းကာလ ၁၈လအပြီး ပထမဆုံးဖြေလျှော့မှုလည်းဖြစ်ပါတယ်။

ခရီးသွားတွေအနေနဲ့ ၇၂နာရီအတွင်းစစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်းထောက်ခံစာ၊ ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပြီးစီးကြောင်းအထောက်အထားများ ပါဝင်ရမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပါက ၁၄ရက်ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။

“ဒါဟာကျွန်တော့်နိုင်ငံသားတွေအတွက် ခရီးတွေမြန်မြန်ပြန်ထွက်နိုင်မယ့်နည်းတစ်ခုပါ၊ ကျွန်တော့်နိုင်ငံသားအချို့လည်း နိုင်ငံခြားခရီးတွေပြန်သွားချင်နေကြပေမယ့် ကွာရန်တင်းဝင်ရမှာကိုတော့ စိုးရိမ်နေကြတယ်” လို့ ဝန်ကြီးချုပ်ကပြောပြထားပါတယ်။

၁၆ သန်းကျော်လူဦးရေရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးထိုးနှံပြီးစီးကြပြီဖြစ်ပြီး ဒါဟာအာရှရဲ့ အမြင့်ဆုံးကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းတစ်ခုလည်းဖြစ်ပါတယ်။

Source – CNA
Photo – The Architect’s Newspaper

(Zawgyi)

ကေမာၻဒီးယားႏိုင္ငံတြင္ ကာကြယ္ေဆးထိုးၿပီးေသာႏိုင္ငံျခားခရီးသြားမ်ား ကြာရန္တင္းဝင္ေရာက္ရန္မလို

ယခုလ ႏိုဝင္ဘာ ၁၅ရက္ေန႔မွစတင္ၿပီး ကေမာၻဒီးယားႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆးထိုးထားေသာႏိုင္ငံျခားခရီးသြားမ်ား ကြာရန္တင္းဝင္ရန္မလိုဟု ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen က ႏိုဝင္ဘာလ ၁၄ရက္ေန႔မွာ ထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ၿပီး ဒါဟာရွည္လ်ားတဲ့ကြာရန္တင္းကာလ ၁၈လအၿပီး ပထမဆုံးေျဖေလွ်ာ့မႈလည္းျဖစ္ပါတယ္။

ခရီးသြားေတြအေနနဲ႔ ၇၂နာရီအတြင္းစစ္ေဆးထားတဲ့ ကိုဗစ္ကင္းရွင္းေၾကာင္းေထာက္ခံစာ၊ ကာကြယ္ေဆး ၂ႀကိမ္ထိုးႏွံၿပီးစီးေၾကာင္းအေထာက္အထားမ်ား ပါဝင္ရမွာျဖစ္ၿပီး ကာကြယ္ေဆးထိုးႏွံထားျခင္းမရွိပါက ၁၄ရက္ကြာရန္တင္းဝင္ရမွာျဖစ္ပါတယ္။

“ဒါဟာကြၽန္ေတာ့္ႏိုင္ငံသားေတြအတြက္ ခရီးေတြျမန္ျမန္ျပန္ထြက္ႏိုင္မယ့္နည္းတစ္ခုပါ၊ ကြၽန္ေတာ့္ႏိုင္ငံသားအခ်ိဳ႕လည္း ႏိုင္ငံျခားခရီးေတြျပန္သြားခ်င္ေနၾကေပမယ့္ ကြာရန္တင္းဝင္ရမွာကိုေတာ့ စိုးရိမ္ေနၾကတယ္” လို႔ ဝန္ႀကီးခ်ဳပ္ကေျပာျပထားပါတယ္။

၁၆ သန္းေက်ာ္လူဦးေရရွိတဲ့ ကေမာၻဒီးယားႏိုင္ငံမွာ ၉၀ ရာခိုင္ႏႈန္းနီးပါး ကာကြယ္ေဆးထိုးႏွံၿပီးစီးၾကၿပီျဖစ္ၿပီး ဒါဟာအာရွရဲ႕ အျမင့္ဆုံးကာကြယ္ေဆးထိုးႏွံၿပီးစီးမႈႏႈန္းတစ္ခုလည္းျဖစ္ပါတယ္။

Source – CNA
Photo – The Architect’s Newspaper


LEAVE A REPLY

Please enter your comment!
Please enter your name here