ပို့ကုန်သွင်းကုန်ဥပဒေနဲ့ဆက်သွယ်ရေးဥပဒေအ တွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နောက်ရုံးချိန်းမှာ သက်‌သေထွက်ဆိုမည်

0
192

(Unicode)

ပို့ကုန်သွင်းကုန်ဥပဒေနဲ့ဆက်သွယ်ရေးဥပဒေအ တွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နောက်ရုံးချိန်းမှာ သက်‌သေထွက်ဆိုမည်

နိုဝင်ဘာ ၁၅ ရက်(ယနေ့)မှာ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်မှာရှိတဲ့ အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ တို့အတွက် စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးတဲ့အခါမှာ နိုဝင်ဘာ ၂၂ ရက်(နောက်ရုံး ချိန်း)မှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က သက် သေထွက်ဆိုပေးမဲ့စာရင်းကို တင်ပြဖို့တောင်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကကိုယ်တိုင်သက်သေအဖြစ်ထွက်ဆိုသွားမယ်လို့ ပြောကြားခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆိုမယ်လို့ကြားရတယ် သူ့ရှေ့နေတွေကိုလည်း နစက ကပြောခွင့်တွေပိတ်ထားတော့ သူတို့လည်းတိတိကျကျမပြောကြဘူး အ ကောင်းဆုံးရလဒ်တွေဖြစ်ပါစေလို့ပဲဆုတောင်းရမှာပေါ့”လို့ရှေ့နေတစ်ယောက်ကပြောပါတယ်။

အမှုနှစ်ခုနဲ့ပတ်သက်ပြီး အပြီးသတ်လျှောက်လဲ ချက်ကို ဒီဇင်ဘာ ၆ ရက်မှာပေးရမယ်လို့ တရား ရုံးကအမိန့်ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆိုမှာကိုခွင့်ပြု့ခဲ့ပါတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

(Zawgyi)


 






LEAVE A REPLY

Please enter your comment!
Please enter your name here