လှိုင်သာယာက မိုးလုံလေလုံအားကစားရုံနဲ့တပ်မ တော်အထည်ချုပ်စက်ရုံနားမှာ ဗုံးပေါက်ပြီးအ ပြန်အလှန်ပစ်ခတ်

0
158

(Unicode)

လှိုင်သာယာက မိုးလုံလေလုံအားကစားရုံနဲ့တပ်မ တော်အထည်ချုပ်စက်ရုံနားမှာ ဗုံးပေါက်ပြီးအ ပြန်အလှန်ပစ်ခတ်

လှိုင်သာယာမြို့နယ်၊ကနောင်မင်းသားကြီးလမ်းပေါ်က ရွှေလင်ပန်း မိုးလုံလေလုံအားကစားရုံနား စနေမနဲ့ငါးထိပ်ကြားက တပ်မတော်အထည်ချုပ် စက်ရုံနားမှာ နိုဝင်ဘာ ၁၅ ရက်မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်နဲ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

“အားကစားရုံမှာက စစ်သားတွေတပ်စွဲထားကြတာ ပထမဗုံးပေါက်တဲ့အသံကြားရတယ် နောက်အပြန်အလှန်ပစ်နေတဲ့သေနတ်သံတွေဆက်တိုက်ကြားရတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်မှာထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာတွေ​တော့ အ​သေးစိတ် မသိရှိရ​သေးပါဘူး။

လုံခြုံရေးအဖွဲ့တွေတပ်စွဲထားတဲ့ အနီးက တပ်မ တော်အထည်ချုပ်စက်ရုံမှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ဖြစ်စဥ်နေရာကို စစ်သားတွေနဲ့ရဲတွေရောက်လာပြီး စစ်ဆေးတာတွေလုပ်ခဲ့ကြပါတယ်။အဲဒီဖြစ်စဥ်မှာတော့ ပစ်ခတ်မှုတွေမရှိခဲ့ပါဘူး။

(Zawgyi)

လႈိင္သာယာက မိုးလုံေလလုံအားကစား႐ုံနဲ႔တပ္မ ေတာ္အထည္ခ်ဳပ္စက္႐ုံနားမွာ ဗုံးေပါက္ၿပီးအ ျပန္အလွန္ပစ္ခတ္

လႈိင္သာယာၿမိဳ႕နယ္၊ကေနာင္မင္းသားႀကီးလမ္းေပၚက ေ႐ႊလင္ပန္း မိုးလုံေလလုံအားကစား႐ုံနား စေနမနဲ႔ငါးထိပ္ၾကားက တပ္မေတာ္အထည္ခ်ဳပ္ စက္႐ုံနားမွာ ႏိုဝင္ဘာ ၁၅ ရက္မြန္းတည့္ ၁၂ နာရီ ၅၀ မိနစ္နဲ႔ မြန္းလြဲ ၂ နာရီဝန္းက်င္ေလာက္မွာ ဗုံးေပါက္ကြဲမႈေတြျဖစ္ၿပီး ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ခဲ့ပါတယ္။

“အားကစား႐ုံမွာက စစ္သားေတြတပ္စြဲထားၾကတာ ပထမဗုံးေပါက္တဲ့အသံၾကားရတယ္ ေနာက္အျပန္အလွန္ပစ္ေနတဲ့ေသနတ္သံေတြဆက္တိုက္ၾကားရတယ္”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္မွာထိခိုက္ဒဏ္ရာရတာနဲ႔ေသဆုံးတာေတြ​ေတာ့ အ​ေသးစိတ္ မသိရွိရ​ေသးပါဘူး။

လုံၿခဳံေရးအဖြဲ႕ေတြတပ္စြဲထားတဲ့ အနီးက တပ္မ ေတာ္အထည္ခ်ဳပ္စက္႐ုံမွာလည္း ဗုံးတစ္လုံးေပါက္ကြဲခဲ့တာေၾကာင့္ ျဖစ္စဥ္ေနရာကို စစ္သားေတြနဲ႔ရဲေတြေရာက္လာၿပီး စစ္ေဆးတာေတြလုပ္ခဲ့ၾကပါတယ္။အဲဒီျဖစ္စဥ္မွာေတာ့ ပစ္ခတ္မႈေတြမရွိခဲ့ပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here