The Return of Superman ရဲ့ ၈နှစ်မြောက်နေ့မှာ အထူးဧည့်သည်အဖြစ် Daehan,Mingukနဲ့ Manse တို့ပါဝင်လာ

0
272

(Unicode)

The Return of Superman ရဲ့ ၈နှစ်မြောက်နေ့မှာ အထူးဧည့်သည်အဖြစ် Daehan,Mingukနဲ့ Manse တို့ပါဝင်လာ

The Return of Superman ရဲ့ ၈နှစ်မြောက်နေ့ရှိုးမှာ ၃မွှာပူးလေးတွေဖြစ်တဲ့ Daehan,Minguk နဲ့ Manse တို့ပါဝင်ခဲ့ပါတယ်။

အဲ့ဒီ့အပိုင်းကို နိုဝင်ဘာလ ၁၄ရက်နေ့မှာထုတ် လွှင့်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ၃မွှာပူးလေးတွေဟာ ၁၀နှစ်ရှိနေပါပြီ။

ရှိုးထဲမှာ လတ်တလောဘာတွေလုပ်နေလဲ ဆို တဲ့ မေးခွန်းအပေါ် Minguk က Daehan ကို တယောက် ယောက်နဲ့ချိန်းတွေ့နေတယ်ဆိုတဲ့အ ကြောင်းကို ပြောဖို့အကြံပေးခဲ့ပေမယ့် Daehan ကတော့ သူကျောင်းတက်နေပြီး အရာအားလုံးကို ကောင်းကောင်းလုပ်နေပါတယ်လို့ပဲ ဖြေခဲ့ပါတယ်။

Minguk က ” ကစားကွင်းမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ကိုဗစ်၁၉ကြောင့် ပျက် တာ ၂ကြိမ်ရှိပြီ။အဲ့ဒီ့ ကိုဗစ်၁၉ ကင်းဝေးပါစေလို့ “ဆုတောင်းကြောင်း ပြောခဲ့ပါတယ်။

Manse ကတော့ The Return of Superman မှာ ပါဝင်ဖို့ မစဉ်းစားထားကြောင်းရှင်းပြခဲ့တာကို ကလေးတွေရဲ့အဖေ မင်းသား Song II Gook က ” ခုတော့မင်းကြီးလာပြီလေ ဘာမှလုပ်လို့မရတော့ဘူး” လို့ ကင်မရာနောက်ကွယ်ကနေ လှမ်းပြောခဲ့ပါတယ်။

Manse ကတော့ သူ့အဖေရဲ့စကားကို ခဏ လေးစဉ်းစားပြီး “ဒါပဲလား” လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ၃ယောက်သားဟာ The Return of Superman ၈နှစ်မြောက်နေ့ကို ဂုဏ် ပြုပြီး ပြည်သူတွေပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

(Zawgyi)










LEAVE A REPLY

Please enter your comment!
Please enter your name here