ဗီဒီယိုကွန်ဖရင့်ဖြင့် မစ္စတာဆာဆာကာဝါနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တွေ့ဆုံပြီးနောက် ထိန်းသိမ်းထားသူအချို့ကို AAက ပြန်လွတ်ပေး

0
183

(Unicode)

ဗီဒီယိုကွန်ဖရင့်ဖြင့် မစ္စတာဆာဆာကာဝါနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တွေ့ဆုံပြီးနောက် ထိန်းသိမ်းထားသူအချို့ကို AAက ပြန်လွတ်ပေး

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် ရက္ခိုင့်တပ်တော် (AA)တို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီးနောက် နိုဝင်ဘာ ၁၅ရက်ညတွင် အေအေဘက်က ၎င်းတို့ထိန်းသိမ်းထားသည့် စစ်သားနှင့် ရဲသား ၁၅ ဦးကို မြန်မာတပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်း နေရာအနီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်၊ ညနေ(၇) နာရီ (၃၀) မိနစ်အချိန်တွင် ဆေးဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် စုစုပေါင်း(၁၅) ဦးအား မြန်မာ့တပ်မတော်ဖက်မှ ဗိုလ်မှူး ဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု AA ဘက်သတင်းထုတ်ပြန်ထားကာ ယခုကဲ့သို့ လွှတ်ပေးခြင်းက လူသားချင်း စာနာထောက်ထားမှု အရဆိုသည့် အချက်လည်းပါသည်ဟု အေအေဘက်ကပြောဆိုထားသည်။

မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်း နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက AA အဖွဲ့ခေါင်းဆောင်များနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းလည်း အတိအလင်းထုတ်ပြောထားသည်။

ယင်းအပြင် ငြိမ်းချမ်းနေသည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ထပ်မဖြစ်ရန် အောက်ခြေ အဆင့် တပ်သားများအထိ ညွန်ကြားထားရန် ရခိုင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား တိုက်တွန်းထားသလို မြန်မာ့ တပ်မတော်နှင့် AA အဖွဲ့ကြား တိုက်ပွဲများထပ်မဖြစ်အောင် ဆောင်ရွက်သွားမည်ဟုလည်း မစ္စတာ ဆာဆာကာဝါက ပြောသည်။

မစ္စတာဆာဆာကာဝါနှင့် တွေ့ဆုံခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ပြောခွင့်ရသူတစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က“ AAကနေ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွတ်ပေးတယ်ဆိုတာ ဝမ်းသာစရာပါတယ်။ကျွန်တော်တို့ကတော့ ဘယ်ဘက်က ဖမ်းဖမ်း အဖမ်းခံရသူတွေသည် ကိုယ့်နိုင်ငံသားတွေ ဖြစ်ပါတယ်။ဒီလိုမျိုးလူသားချင်းစာနာမှုနဲ့ လွတ်ပေးတာက ကြိုဆိုရမှာပါ။ မစ္စတာဆာဆာကာဝါကလည်း ရခိုင်ပြည်နယ်ငြိမ်းချမ်းဖို့ကို အထူးလိုလားသူတစ်ဦးပါ။ငြိမ်းချမ်းအောင်လည်း အကျိုးဆောင်နေသူပါ။တွေ့ဆုံစဉ်မှာလည်း ရခိုင်ပြည်နယ်ငြိမ်းချမ်းဖို့၊နောက်ပြီး ဒုက္ခ သုက္ခရောက်နေသူတွေ အဆင်ပြေစေပြီး နေရပ်ပြန်နိုင်ဖို့ ဒါတွေကိုလည်း ဆွေးနွေးခဲ့ကြတာရှိပါတယ်”ဟု ပြောသည်။

မစ္စတာ ဆာဆာကာဝါ အနေဖြင့်မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ဖို့ ရောက်ရှိနေစဉ်ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် AA နဲ့ တပ်မတော်နှစ်ဦးနှစ်ဘက်ကြားတွေ့ဆုံပြီးနောက် အခုလိုလွတ်ပေးတာဟာ သူ့ရဲ့ကြိုးပမ်းမှုကြောင့် ထွက်ပေါ်လာတဲ့ရလာဒ်တခုဖြစ်ပါတယ်။

ဓါတ်ပုံ-Arakan Info Desk

(Zawgyi)

ဗီဒီယိုကြန္ဖရင့္ျဖင့္ မစၥတာဆာဆာကာဝါႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ ေတြ႕ဆုံၿပီးေနာက္ ထိန္းသိမ္းထားသူအခ်ိဳ႕ကို AAက ျပန္လြတ္ေပး

ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး အထူးကိုယ္စားလွယ္ မစၥတာ ဆာဆာကာဝါႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA)တို႔ ဗီဒီယိုကြန္ဖရင့္ျဖင့္ ေတြ႕ဆုံၿပီးေနာက္ ႏိုဝင္ဘာ ၁၅ရက္ညတြင္ ေအေအဘက္က ၎တို႔ထိန္းသိမ္းထားသည့္ စစ္သားႏွင့္ ရဲသား ၁၅ ဦးကို ျမန္မာတပ္မေတာ္သို႔ လႊဲေျပာင္းေပးအပ္ခဲ့သည္။

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ေတာင္ေပါက္႐ြာႏွင့္ ဒီပါ႐ုံေက်း႐ြာၾကား၊ ေက်ာက္ကြင္း ေနရာအနီး၌ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၅) ရက္၊ ညေန(၇) နာရီ (၃၀) မိနစ္အခ်ိန္တြင္ ေဆးဗိုလ္ႀကီး ရဲလင္းစိုး အပါအဝင္ စုစုေပါင္း(၁၅) ဦးအား ျမန္မာ့တပ္မေတာ္ဖက္မွ ဗိုလ္မႉး ေဇခိုင္ဟိန္းထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္ဟု AA ဘက္သတင္းထုတ္ျပန္ထားကာ ယခုကဲ့သို႔ လႊတ္ေပးျခင္းက လူသားခ်င္း စာနာေထာက္ထားမႈ အရဆိုသည့္ အခ်က္လည္းပါသည္ဟု ေအေအဘက္ကေျပာဆိုထားသည္။

မစၥတာဆာဆာကာဝါသည္ ျမန္မာႏိုင္ငံသို႔ ေရာက္ေရာက္ခ်င္း ႏိုဝင္ဘာ ၁၂ ရက္ေန႔ကတည္းက AA အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ အြန္လိုင္းမွတဆင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးျဖစ္ေၾကာင္းလည္း အတိအလင္းထုတ္ေျပာထားသည္။

ယင္းအျပင္ ၿငိမ္းခ်မ္းေနသည့္ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ထပ္မျဖစ္ရန္ ေအာက္ေျခ အဆင့္ တပ္သားမ်ားအထိ ၫြန္ၾကားထားရန္ ရခိုင္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားအား တိုက္တြန္းထားသလို ျမန္မာ့ တပ္မေတာ္ႏွင့္ AA အဖြဲ႕ၾကား တိုက္ပြဲမ်ားထပ္မျဖစ္ေအာင္ ေဆာင္႐ြက္သြားမည္ဟုလည္း မစၥတာ ဆာဆာကာဝါက ေျပာသည္။

မစၥတာဆာဆာကာဝါႏွင့္ ေတြ႕ဆုံခဲ့သည့္ ရခိုင္အမ်ိဳးသားပါတီမွ ေျပာခြင့္ရသူတစ္ဦးျဖစ္သူ ဦးထြန္းေအာင္ေက်ာ္က“ AAကေန ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ျပန္လြတ္ေပးတယ္ဆိုတာ ဝမ္းသာစရာပါတယ္။ကြၽန္ေတာ္တို႔ကေတာ့ ဘယ္ဘက္က ဖမ္းဖမ္း အဖမ္းခံရသူေတြသည္ ကိုယ့္ႏိုင္ငံသားေတြ ျဖစ္ပါတယ္။ဒီလိုမ်ိဳးလူသားခ်င္းစာနာမႈနဲ႔ လြတ္ေပးတာက ႀကိဳဆိုရမွာပါ။ မစၥတာဆာဆာကာဝါကလည္း ရခိုင္ျပည္နယ္ၿငိမ္းခ်မ္းဖို႔ကို အထူးလိုလားသူတစ္ဦးပါ။ၿငိမ္းခ်မ္းေအာင္လည္း အက်ိဳးေဆာင္ေနသူပါ။ေတြ႕ဆုံစဥ္မွာလည္း ရခိုင္ျပည္နယ္ၿငိမ္းခ်မ္းဖို႔၊ေနာက္ၿပီး ဒုကၡ သုကၡေရာက္ေနသူေတြ အဆင္ေျပေစၿပီး ေနရပ္ျပန္ႏိုင္ဖို႔ ဒါေတြကိုလည္း ေဆြးေႏြးခဲ့ၾကတာရွိပါတယ္”ဟု ေျပာသည္။

မစၥတာ ဆာဆာကာဝါ အေနျဖင့္ျမန္မာႏိုင္ငံကို ၿငိမ္းခ်မ္းေရး ကိစၥေတြ ေဆာင္႐ြက္ဖို႔ ေရာက္ရွိေနစဥ္ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ AA နဲ႔ တပ္မေတာ္ႏွစ္ဦးႏွစ္ဘက္ၾကားေတြ႕ဆုံၿပီးေနာက္ အခုလိုလြတ္ေပးတာဟာ သူ႔ရဲ႕ႀကိဳးပမ္းမႈေၾကာင့္ ထြက္ေပၚလာတဲ့ရလာဒ္တခုျဖစ္ပါတယ္။

ဓါတ္ပုံ-Arakan Info Desk


LEAVE A REPLY

Please enter your comment!
Please enter your name here