တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

0
131

(Unicode)

တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းကျေးရွာရှိ နေအိမ်တစ်ခုအတွင်းမှ ငွေကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်။

နိုဝင်ဘာ ၁၂ရက် နေ့လယ်ပိုင်းကဖြစ်ပြီး ဖမ်းမိဘိန်းဖြူများ၏ တန်ဖိုးကငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိသည်ဟု ရဲက ပြောသည်။

ဖမ်းမိဘိန်းဖြူအရေအတွက်က ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး၊ အလေးချိန် ၉၂ ဒသမ ၇၅ ကီလို၊ ဘိန်းဖြူမှုန့်အလေးချိန် သုည ဒသမ ၃ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလိုဖြစ်သည်။

မူးယစ်ဆေးဝါးများအပြင် M-16 သေနတ်၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ပစ္စတိုလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃,၃၇၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ မော်တော်ယာဉ် ၃ စီးတို့ပါ သိမ်းဆည်းရမိထားသည်ဟု ရဲကပြောသည်။

(Zawgyi)

တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္ ၁ ဒသမ ၃၉ ဘီလီယံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ားႏွင့္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕၊ ပါဆပ္ရပ္ကြက္၊ လြန္းက်ိဳင္းေက်း႐ြာရွိ ေနအိမ္တစ္ခုအတြင္းမွ ေငြက်ပ္သိန္းတစ္ေသာင္းေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိခဲ့သည္။

ႏိုဝင္ဘာ ၁၂ရက္ ေန႔လယ္ပိုင္းကျဖစ္ၿပီး ဖမ္းမိဘိန္းျဖဴမ်ား၏ တန္ဖိုးကေငြက်ပ္ ၁ ဒသမ ၃၉ ဘီလီယံေက်ာ္ တန္ဖိုးရွိသည္ဟု ရဲက ေျပာသည္။

ဖမ္းမိဘိန္းျဖဴအေရအတြက္က ဘိန္းျဖဴဘေလာက္တုံး ၂၆၅ တုံး၊ အေလးခ်ိန္ ၉၂ ဒသမ ၇၅ ကီလို၊ ဘိန္းျဖဴမႈန႔္အေလးခ်ိန္ သုည ဒသမ ၃ ကီလို၊ စုစုေပါင္းဘိန္းျဖဴအေလးခ်ိန္ ၉၃ ဒသမ ၀၅ ကီလို၊ ဘိန္း ၄ ဒသမ ၉ ကီလိုျဖစ္သည္။

မူးယစ္ေဆးဝါးမ်ားအျပင္ M-16 ေသနတ္၂ လက္၊ ပစၥတိုေသနတ္ ၃ လက္၊ လက္ပစ္ဗုံး ၇ လုံး၊ ေျခာက္လုံးျပဴးေလေသနတ္ ၁ လက္၊ ပစၥတိုေလေသနတ္ ၁ လက္၊ က်ည္မ်ိဳးစုံ ၃,၃၇၆ ေတာင့္ႏွင့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ေမာ္ေတာ္ယာဥ္ ၃ စီးတို႔ပါ သိမ္းဆည္းရမိထားသည္ဟု ရဲကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here