ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား တရုတ်ကိုယ်စားလှယ်နှင့်ဆွေးနွေး

0
200

(Unicode)

ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား တရုတ်ကိုယ်စားလှယ်နှင့်ဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် နစကတို့ ဥက္ကဋ္ဌတို့ တွေ့ဆုံကြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိစ္စရပ်အပါအဝင် အခြားသောကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးသည့်ထဲ ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများလည်းပါသည်။

ယင်းအပြင် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံ ရေးအခြေအနေများ၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှု များနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများပါ ဆွေးနွေးခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း၏ ယခုခရီးစဉ်သည် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်နေသည်။

မြန်မာနိုင်ငံသို့ ယခုရက်ထဲမှာပင် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်သည့် Mr. Yohei Sasakawa၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းတို့အပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ ဆက်တိုက်ရောက်ရှိလာနေကြ၍ မြန်မာ့နိုင်ငံရေးအခြေအနေအား နိုင်ငံတကာအပြင် နိုင်ငံရေးလေ့လာသုံးသပ်နေသူတို့ စောင့်ကြည့်လျှက်ရှိနေကြသည်။

(Zawgyi)

ျပည္သူမ်ားမွေ႐ြးခ်ယ္သည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာျဖင့္ ဆက္လက္ ေလွ်ာက္လွမ္းႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား တ႐ုတ္ကိုယ္စားလွယ္ႏွင့္ေဆြးေႏြး

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးကိုယ္စားလွယ္ မစၥတာစြန္းေဂၚရွန္းႏွင့္ နစကတို႔ ဥကၠ႒တို႔ ေတြ႕ဆုံၾကရာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္း စဥ္ ၅ ရပ္ႏွင့္ ဦးတည္ခ်က္ ၉ ရပ္ခ်မွတ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈကိစၥရပ္အပါအဝင္ အျခားေသာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေဆြးေႏြးသည့္ထဲ ျပည္သူမ်ားမွေ႐ြးခ်ယ္သည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာျဖင့္ ဆက္လက္ ေလွ်ာက္လွမ္းႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ားလည္းပါသည္။

ယင္းအျပင္ ျမန္မာႏိုင္ငံႏွင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ဆက္ဆံေရး၊ တ႐ုတ္ႏိုင္ငံႏွင့္ အာဆီယံအဖြဲ႕တို႔၏ ဆက္ဆံ ေရးအေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆာင္႐ြက္ေနမႈ မ်ားႏွင့္ တ႐ုတ္ႏိုင္ငံမွ ကူညီေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ားပါ ေဆြးေႏြးခဲ့ၾကသည္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးကိုယ္စားလွယ္ မစၥတာစြန္းေဂၚရွန္း၏ ယခုခရီးစဥ္သည္ ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း ဒုတိယအႀကိမ္ေျမာက္ ခရီးစဥ္ျဖစ္ေနသည္။

ျမန္မာႏိုင္ငံသို႔ ယခုရက္ထဲမွာပင္ အေမရိကန္ႏိုင္ငံ၊ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း မစၥတာဘီလ္ရစ္ခ်တ္ဆန္၊ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္လည္းျဖစ္၊ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒လည္းျဖစ္သည့္ Mr. Yohei Sasakawa၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးကိုယ္စားလွယ္ မစၥတာစြန္းေဂၚရွန္းတို႔အျပင္ ထိုင္းႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ ဆက္တိုက္ေရာက္ရွိလာေနၾက၍ ျမန္မာ့ႏိုင္ငံေရးအေျခအေနအား ႏိုင္ငံတကာအျပင္ ႏိုင္ငံေရးေလ့လာသုံးသပ္ေနသူတို႔ ေစာင့္ၾကည့္လွ်က္ရွိေနၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here