အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဒုတိယအကြိမ်မြောက်ထပ်မံတွေ့ဆုံခဲ့

0
82

(Unicode)

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဒုတိယအကြိမ်မြောက်ထပ်မံတွေ့ဆုံခဲ့

နစက ဥက္ကဋ္ဌသည် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ၂ပါတ်အတွင်း ဒုတိယအကြိမ်မြောက် ထပ်မံတွေ့ဆုံခဲ့သည်။

နိုဝင်ဘာလ ၂ရက်နေ့က တစ်ကြိမ်၊နိုဝင်ဘာ ၁၅ရက်တွင်တစ်ကြိမ် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွေ့ဆုံစဉ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးမည့် အခြေ အနေများအား ဆွေးနွေးခဲ့ကြသည်ဟု နစကဘက်ကသတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ရက်နေ့ တွေ့ဆုံစဉ်က မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ် – ၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေများ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီ ဖြစ်သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက် ပေးမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရသည်။

အမေရိကန်နိုင်ငံ၊နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ရစ်ချက်ဆန်စင်တာဥက္ကဋ္ဌ Mr. Bill Richardsonသည် နစကဥက္ကဌနှင့် တွေ့စဉ်အင်းစိန်အကျဉ်းထောင်တွင် အကျဉ်း ကျခံနေရသည့် အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံခဲ့သူလည်းဖြစ်သည်။

(Zawgyi)

အေမရိကန္ႏိုင္ငံ နယူးမကၠဆီကိုျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ ဒုတိယအႀကိမ္ေျမာက္ထပ္မံေတြ႕ဆုံခဲ့

နစက ဥကၠ႒သည္ အေမရိကန္ႏိုင္ငံ နယူးမကၠဆီကိုျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ ၂ပါတ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ထပ္မံေတြ႕ဆုံခဲ့သည္။

ႏိုဝင္ဘာလ ၂ရက္ေန႔က တစ္ႀကိမ္၊ႏိုဝင္ဘာ ၁၅ရက္တြင္တစ္ႀကိမ္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၊ သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ျခင္းျဖစ္ၿပီး ဒုတိယအႀကိမ္ေတြ႕ဆုံစဥ္ ကိုဗစ္ -၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကူညီ ေဆာင္႐ြက္ေပးမည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံႏွင့္ ႏိုင္ငံတကာဆက္ဆံေရး တိုးတက္ေကာင္းမြန္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအတြင္း လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ က႑မ်ားတြင္ ကူညီေဆာင္႐ြက္ေပးမည့္ အေျခ အေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္ဟု နစကဘက္ကသတင္းထုတ္ျပန္ထားသည္။

ႏိုဝင္ဘာလ ၁ရက္ေန႔ ေတြ႕ဆုံစဥ္က ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္ ေဆးမ်ားထိုးႏွံေပး ေနမႈအေျခအေနမ်ား၊ ယခုအခါ ေရာဂါကူးစက္မႈႏႈန္းက်ဆင္းလာၿပီ ျဖစ္သျဖင့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္လ်က္ရွိမႈ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ အတြက္ အေမရိကန္ႏိုင္ငံမွ ကိုဗစ္ -၁၉ ေရာဂါကာကြယ္ေဆးမ်ား ကူညီေဆာင္႐ြက္ ေပးမည့္ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္ကို ေတြ႕ရွိရသည္။

အေမရိကန္ႏိုင္ငံ၊နယူးမကၠဆီကိုျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ ကမာၻလုံးဆိုင္ရာ ေစ့စပ္ ညႇိႏႈိင္းေရး ရစ္ခ်က္ဆန္စင္တာဥကၠ႒ Mr. Bill Richardsonသည္ နစကဥကၠဌႏွင့္ ေတြ႕စဥ္အင္းစိန္အက်ဥ္းေထာင္တြင္ အက်ဥ္း က်ခံေနရသည့္ အေမရိကန္ႏိုင္ငံသား Mr. Daniel Jacob Fenster လြတ္ေျမာက္ေရးအတြက္ ေမတၱာရပ္ခံခဲ့သူလည္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here