မှော်ဘီမှာကားမီးလောင်မှုဖြစ်

0
299

(Unicode)

မှော်ဘီမှာကားမီးလောင်မှုဖြစ်

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊ဆပ်သွားတောကျေး ရွာမှာရှိတဲ့ ရန်ကုန်-ပြည်လမ်းမှာ ဒီနေ့မနက် ၆ နာ ရီလောက်က ခြောက်ဘီးကားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

“မိန်းမလိုင်းကားမှတ်တိုင်နားမှာဖြစ်တာပါ ဆိုင်ကယ်က စလစ်ဖြစ်ပြီးရှောတိုက်ကြီးတစ်ဖက်ကားလမ်းမှာရပ်ထားတဲ့ ခြောက်ဘီးကားအောက်ရောက်သွားတယ် အဲဒီမှာကားဆီတိုင်ကီနဲ့ငြိ ​ပြီး မီးထလောင်တာ ဆိုင်ကယ်မောင်းတဲ့သူကစလစ်ဖြစ်ထဲကကျန်ခဲ့တော့ပါမသွားတာကံကောင်းတယ်”လို့ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မီးလောင်မှုဖြစ်စဥ်ကို မှော်ဘီမြို့နယ်မီးသတ်စ ခန်းက မီးငြိမ်းသတ်ကား နှစ်စီး ရေသယ်ကားတစ်စီးနဲ့လာရောက်ငြိမ်းသတ်ခဲ့တာကြောင့် မနက် ၆ နာရီ ၁၀ မိနစ်မှာမီးငြိမ်းသွားခဲ့ပါတယ်

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here