ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေး

0
203

(Unicode)

ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေး

ဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့ ကီတာဆေးရုံလူနာဆောင်မှာ နိုင်ငံခြားသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ့်အစီအစဉ် စတင်တော့မှာဖြစ်ပြီး ပထမအကြိမ်သာမက ဒုတိယအကြိမ်ပါထိုးနှံနိုင်တယ်လို့သိရပါတယ်။

ဂျပန်နိုင်ငံမှာအမြဲနေထိုင်တဲ့နိုင်ငံခြားသားတွေနဲ့ ကာလရှည်လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံခြားသားတွေ ထိုးနှံနိုင်မှာဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန်မလိုဘူးလို့သိရပါတယ်။

ယခုတပတ်သောကြာနေ့မှစတင်ကာ ကာကွယ်ဆေးထိုးနှံပေးမယ်လို့သိရပြီး ၎င်းကာကွယ်ဆေးထိုးစင်တာမှာ ဘာသာစကား ၆မျိုးအတွက် စကားပြန်တွေပြင်ဆင်ပေးထားကာ တရုတ်၊ ဗီယက်နမ်စတဲ့ ဘာသာစကားတွေပါဝင်ပါတယ်။

အချို့နိုင်ငံခြားသားတွေအနေနဲ့ကတော့ ဘာသာစကားအခက်အခဲနဲ့ အခြားကြောင်းအရာအချို့ကြောင့် ကာကွယ်ဆေးထိုးနှံခွင့်ဆုံးရှုံးနိုင်ပါတယ်။

ဂျပန်နိုင်ငံသား ၁၈နှစ်အထက်ပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ် ထပ်စောင်းထိုးနှံမှုကိုတော့ လာမယ့်ဒီဇင်ဘာလမှာ စတင်ထိုးနှံမယ်လို့သိရပါတယ်။

Source – NHK

(Zawgyi)

ဂ်ပန္ႏိုင္ငံတြင္ႏိုင္ငံျခားသားမ်ားကို ကိုဗစ္ကာကြယ္ေဆးစတင္ထိုးႏွံေပး

ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕မွာရွိတဲ့ ကီတာေဆး႐ုံလူနာေဆာင္မွာ ႏိုင္ငံျခားသားေတြကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးမယ့္အစီအစဥ္ စတင္ေတာ့မွာျဖစ္ၿပီး ပထမအႀကိမ္သာမက ဒုတိယအႀကိမ္ပါထိုးႏွံႏိုင္တယ္လို႔သိရပါတယ္။

ဂ်ပန္ႏိုင္ငံမွာအၿမဲေနထိုင္တဲ့ႏိုင္ငံျခားသားေတြနဲ႔ ကာလရွည္လာေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ႏိုင္ငံျခားသားေတြ ထိုးႏွံႏိုင္မွာျဖစ္ၿပီး ႀကိဳတင္စာရင္းေပးသြင္းရန္မလိုဘူးလို႔သိရပါတယ္။

ယခုတပတ္ေသာၾကာေန႔မွစတင္ကာ ကာကြယ္ေဆးထိုးႏွံေပးမယ္လို႔သိရၿပီး ၎ကာကြယ္ေဆးထိုးစင္တာမွာ ဘာသာစကား ၆မ်ိဳးအတြက္ စကားျပန္ေတြျပင္ဆင္ေပးထားကာ တ႐ုတ္၊ ဗီယက္နမ္စတဲ့ ဘာသာစကားေတြပါဝင္ပါတယ္။

အခ်ိဳ႕ႏိုင္ငံျခားသားေတြအေနနဲ႔ကေတာ့ ဘာသာစကားအခက္အခဲနဲ႔ အျခားေၾကာင္းအရာအခ်ိဳ႕ေၾကာင့္ ကာကြယ္ေဆးထိုးႏွံခြင့္ဆုံးရႈံးႏိုင္ပါတယ္။

ဂ်ပန္ႏိုင္ငံသား ၁၈ႏွစ္အထက္ျပည္သူေတြအတြက္ ကိုဗစ္ကာကြယ္ေဆးတတိယအႀကိမ္ ထပ္ေစာင္းထိုးႏွံမႈကိုေတာ့ လာမယ့္ဒီဇင္ဘာလမွာ စတင္ထိုးႏွံမယ္လို႔သိရပါတယ္။

Source – NHK


LEAVE A REPLY

Please enter your comment!
Please enter your name here