ခရမ်းမြို့နယ်က EPC ရုံးမှာဗုံးပေါက်

0
211

(Unicode)

ခရမ်းမြို့နယ်က EPC ရုံးမှာဗုံးပေါက်

ရန်ကုန်တိုင်း၊ခရမ်းမြို့၊ကျောက်တိုင်လမ်းပေါ်မှာရှိတဲ့ EPC ရုံးက ငွေလက်ခံကောင်တာမှာ ဒီနေ့မနက် ၁၁ နာရီကျော်လောက်က အဝေးထိန်းရီမုဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ မီတာလာဆောင်သူတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“မီတာဆောင်ဖို့လိုက်အော်ထားတာရယ် သတ် မှတ်ရက်လည်းဖြစ်တာရယ်ကြောင့် ဒီနေ့လူများတယ် မီတာမဆောင်ရင်မီးဖြတ်ခံရမှာလေ ဗုံးပေါက်တဲ့အသံကတော့အကျယ်ကြီးပဲ ကျွန်တော်မီတာဆောင်ပြီးရုံးရှေ့အရောက်မှာဖြစ်သွားတာ အတော်ကံကောင်းသွားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသွားသူကို ခရမ်းမြို့က လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကိုတင်ပို့ခဲ့ရပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့တွေရောက်လာပြီး လမ်းတွေကိုပိတ်ဆို့စစ်ဆေးနေသလို မီတာလာဆောင်သူတွေကိုလည်းစစ်ဆေးနေပါတယ်။ဖြတ်သွားနေတဲ့ ဆိုင်ကယ်တွေ ကားတွေကိုလည်းတားဆီးစစ်ဆေးတာတွေလုပ်ခဲ့ကြပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here