ချေးငွေလျှောက်ထားရမည့်နောက်ဆုံးရက်ကို ဒီဇင်ဘာ ၃ ရက်အထိထပ်တိုး

0
308

(Unicode)

ချေးငွေလျှောက်ထားရမည့်နောက်ဆုံးရက်ကို ဒီဇင်ဘာ ၃ ရက်အထိထပ်တိုး

ကိုဗစ်(၁၉)ရောဂါကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံစီးပွား ရေးသက်ရောက်မှုတွေအပေါ်ကုစားရေးလုပ်ငန်းကော်မတီက ရုပ်ရှင်၊ဂီတ၊သဘင်၊စာနယ်ဇင်းနဲ့မီဒီယာတွေကို ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးနိုင်ဖို့အတွက် ကိုဗစ်(၁၉)ရန်ပုံငွေထဲကနေထုတ်ချေးမဲ့ ချေးငွေလျှောက်ထားရယူနိုင်တယ်လို့ အောက် တိုဘာ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လျှောက်လွှာတွေကို အောက်တိုဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်အထိ အစိုးရရုံးဖွင့်ရက် ရုံးချိန်အတွင်းမှာ UMFCCI ရန်ကုန်ရုံးချုပ်နဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ UMFCCI ရုံးတွေမှာ လျှောက်လွှာတွေကိုလက်ခံပေးသွားမယ်လို့ထုတ်ပြန်ခဲ့တာပါ။

သို့ပေမဲ့ ရုံးပိတ်ရက်တွေများနေတာကြောင့် ချေး ငွေလျှောက်ထားရမဲ့ပုံစံပါအချက်အလက်တွေနဲ့ကိုက်ညီဖို့အတွက် ပြင်ဆင်ရတာတွေ လိုအပ်တဲ့ကိစ္စတွေဆောင်ရွက်ရတာတွေကြောင့် အချိန်မီတင်ပြဖို့ အခက်အခဲတွေကြုံတွေ့နေရလို့ ချေးငွေလျှောက်လွှာတင်ရက်ကို ဒီဇင်ဘာ ၃ ရက်အထိ ကော်မတီက ထပ်တိုးပေးခဲ့ပြီး ရုံးပိတ်ရက်တွေမှာပါ လက်ခံဆောင်ရွက်ပေးသွားမယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။

 “အခုလိုချိန်မှာအခက်အခဲတွေအရမ်းဖြစ်နေတယ် အလုပ်ကလည်းနားထားရတော့ပိုဆိုးတာပေါ့ ချေးငွေလျှောက်လွှာတင်မယ် ချေးငွေကာလကလည်း တစ်နှစ်ဖြစ်သလို အတိုးကလည်း ၁ ရာ ခိုင်နှုန်းပဲဆိုတော့အဆင်ပြေတယ်လေ အိမ်ဆိုင်လေးတစ်ဆိုင်လောက်တော့ဖွင့်နိုင်လောက်မှာပါ”လို့မီဒီယာသမားတစ်ယောက်ကပြောပါတယ်။

(Zawgyi)

ေခ်းေငြေလွ်ာက္ထားရမည့္ေနာက္ဆုံးရက္ကို ဒီဇင္ဘာ ၃ ရက္အထိထပ္တိုး

ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ျဖစ္ေပၚလာသည့္ ႏိုင္ငံစီးပြား ေရးသက္ေရာက္မႈေတြအေပၚကုစားေရးလုပ္ငန္းေကာ္မတီက ႐ုပ္ရွင္၊ဂီတ၊သဘင္၊စာနယ္ဇင္းနဲ႔မီဒီယာေတြကို ဘ႑ာေရးဆိုင္ရာအကူအညီေပးႏိုင္ဖို႔အတြက္ ကိုဗစ္(၁၉)ရန္ပုံေငြထဲကေနထုတ္ေခ်းမဲ့ ေခ်းေငြေလွ်ာက္ထားရယူႏိုင္တယ္လို႔ ေအာက္ တိုဘာ ၂၂ ရက္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေလွ်ာက္လႊာေတြကို ေအာက္တိုဘာ ၂၅ ရက္ကေန ႏိုဝင္ဘာ ၁၉ ရက္အထိ အစိုးရ႐ုံးဖြင့္ရက္ ႐ုံးခ်ိန္အတြင္းမွာ UMFCCI ရန္ကုန္႐ုံးခ်ဳပ္နဲ႔တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြမွာရွိတဲ့ UMFCCI ႐ုံးေတြမွာ ေလွ်ာက္လႊာေတြကိုလက္ခံေပးသြားမယ္လို႔ထုတ္ျပန္ခဲ့တာပါ။

သို႔ေပမဲ့ ႐ုံးပိတ္ရက္ေတြမ်ားေနတာေၾကာင့္ ေခ်း ေငြေလွ်ာက္ထားရမဲ့ပုံစံပါအခ်က္အလက္ေတြနဲ႔ကိုက္ညီဖို႔အတြက္ ျပင္ဆင္ရတာေတြ လိုအပ္တဲ့ကိစၥေတြေဆာင္႐ြက္ရတာေတြေၾကာင့္ အခ်ိန္မီတင္ျပဖို႔ အခက္အခဲေတြႀကဳံေတြ႕ေနရလို႔ ေခ်းေငြေလွ်ာက္လႊာတင္ရက္ကို ဒီဇင္ဘာ ၃ ရက္အထိ ေကာ္မတီက ထပ္တိုးေပးခဲ့ၿပီး ႐ုံးပိတ္ရက္ေတြမွာပါ လက္ခံေဆာင္႐ြက္ေပးသြားမယ္လို႔ ထပ္မံထုတ္ျပန္ထားပါတယ္။

 “အခုလိုခ်ိန္မွာအခက္အခဲေတြအရမ္းျဖစ္ေနတယ္ အလုပ္ကလည္းနားထားရေတာ့ပိုဆိုးတာေပါ့ ေခ်းေငြေလွ်ာက္လႊာတင္မယ္ ေခ်းေငြကာလကလည္း တစ္ႏွစ္ျဖစ္သလို အတိုးကလည္း ၁ ရာ ခိုင္ႏႈန္းပဲဆိုေတာ့အဆင္ေျပတယ္ေလ အိမ္ဆိုင္ေလးတစ္ဆိုင္ေလာက္ေတာ့ဖြင့္ႏိုင္ေလာက္မွာပါ”လို႔မီဒီယာသမားတစ္ေယာက္ကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here