ဖားအောက်တောရ ဆရာတော်ကြီး ဂရန်းဒ်ဟံသာဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှုခံယူ

0
575

ဖားအောက်တောရ ဆရာတော်ကြီး ဂရန်းဒ်ဟံသာဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှုခံယူ

ပြင်ဦးလွင်မြို့နယ်မှာ သီတင်းသုံးနေတဲ့ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ အာစိဏ္ဏဟာ ကမာရွတ်မြို့နယ်မှာရှိတဲ့ ဂရန်းဒ်ဟံသာအင်တာနေရှင်နယ်ဆေးရုံကြီးမှာ ကျန်းမာရေးစစ်ဆေးမှုခံယူနေပါတယ်။

ဆရာတော်ကြီးဟာ ကိုဗစ်(၁၉)ရောဂါမဖြစ်ပွားခင်အချိန်ထဲက ပြင်ဦးလွင်မြို့နယ်မှာ သီတင်းသုံးနေတာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းမရှိတာအချိန်အနည်းငယ်ကြာနေပြီဖြစ်တာကြောင့် အခုလိုစစ်ဆေးမှုခံယူခြင်းဖြစ်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုခံယူနေစဥ်အတွင်းမှာ ပြင်ပကလာရောက်ဖူးမြှော်ခွင့်မပြုထားပါဘူး။

နိုဝင်ဘာ ၁၆ ရက်မှာတော့ ဆရာတော်ကြီးအ သက်ရှူအနည်းငယ်ကြပ်ခဲ့တာကြောင့်ဆေးကုသမှုခံယူခဲ့ရပါတယ်။စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ခဲ့ပါဘူး။

ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ဖို့အတွက် လှည်းကူးမြို့မှာရှိတဲ့ မဟာဝိဟာရကျောင်းတိုက်က သံဃာတော်အပါး ၄၅၀ ကျော်ကလည်းဗောဇ္ဈင်သုတ်နှင့်ရတနသုတ်တို့ကို ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here