ကလေးမြို့လေယာဥ်ကွင်းမှာ ဗုံးပေါက်ကွဲ

0
364

(Unicode)

ကလေးမြို့လေယာဥ်ကွင်းမှာ ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ကလေးမြို့၊အောင်သစ္စာရပ်ကွက်၊ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ကလေးမြို့လေယာဥ်ကွင်းရဲ့ လေဆိပ်အတွင်းပြေးလမ်းမှာ ဒီနေ့မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်ကမှန်တယ် အသံလည်းကျယ်တယ် ဒါပေမဲ့လူတွေထိခိုက်ဒဏ်ရာရတာမရှိပါဘူး ဖြစ်ဖြစ်ချင်းတော့နည်းနည်းလန့်သွားတာပေါ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

လေယာဥ်အတွင်း ဗုံးပေါက်ကွဲခဲ့ပေမဲ့လည်း ထိ ခိုက်ပျက်စီးမှုတွေမရှိတာကြောင့် ပြေးဆွဲဖို့စီစဥ်ထားပြီးလေယာဥ်ခရီးစဥ်တွေကိုဆက်လက်ပြေးဆွဲခဲ့ပါတယ်။

ဖြစ်စဥ်နေရာကိုတော့ လုံခြုံရေးအဖွဲ့တွေကစစ်ဆေးပြီး လေယာဥ်ကွင်းလုံခြုံရေးအတွက် ကင်းအဖွဲ့တွေထားရှိပြီးစောင့်ကြည့်ခဲ့ကြပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here