သွားလာရေးခက်ခဲနေမှုကြောင့် ဒေသခံများမှတဆင့်သာ နိုင်ငံတကာအကူအညီများပေးနေရ

0
155

(Unicode)

သွားလာရေးခက်ခဲနေမှုကြောင့် ဒေသခံများမှတဆင့်သာ နိုင်ငံတကာအကူအညီများပေးနေရ

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြတဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို တိုက်ရိုက်အကူအညီမပေးနိုင်သေးဘဲ ဒေသခံကူညီပေးနေသူတွေကနေတဆင့်သာ ကူညီပေးနေရတယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်ကထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆ ရက်နဲ့ နိုဝင်ဘာ ၈ ရက်အတွင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာမှုတွေအများအပြားဖြစ်ခဲ့ပြီး မတူပီမြို့နယ်၊ပလက်ဝမြို့နယ်နဲ့ထန်တလန်မြို့နယ်တွေက လူဦးရေ ၅၂၀၀ လောက်ဟာ နိုဝင်ဘာအစပိုင်းမှာ နေရပ်စွန့်ခွာခဲ့ကြတယ်လို့ OCHAက ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံထဲကိုဝင်ရောက်သွားတဲ့သူတွေလည်းရှိတာကြောင့် ဖေဖော်ဝါရီလမှာ နယ်စပ်ဖြတ်ကျော်သွားသူပေါင်း ၁၅၀၀၀ ကျော်ရှိတယ်လို့လည်းဆိုပါတယ်။

နောက်ပြီး စစ်ကိုင်းတိုင်း၊ကလေးမြို့မှာလည်း နေရပ်စွန့်ခွာသူ ၈၂၀၀ ယောက်ရှိတာကြောင့် နှစ်ပတ်အတွင်း နေရပ်စွန့်ခွာသူ နှစ်ဆကျော်မြင့်တက်လာတာရှိပြီး မကွေးတိုင်း‌‌က ဆောမြို့နယ်နဲ့ဂန့်ဂေါမြို့နယ်တွေမှာတော့ လုံခြုံရေးအခြေအနေပြန်ကောင်းလာတာကြောင့် နေရပ်ပြန်လာသူတွေရှိတယ်လို့ ဆက်ပြောထားပါတယ်။

မေလက ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် လူဦးရေ ၄၉,၇၀၀ လောက်နေရပ်စွန့်ခွာခဲ့ကြပါတယ်။အဲဒီအပြင် ချင်းပြည်နယ်၊ပလက်ဝမြို့က ယာယီစခန်းတွေမှာ ရခိုင်လူမျိုး ၆၃၄၀ ယောက်လောက်နေထိုင်နေရတဲ့ အခြေအနေရှိနေပါတယ်။

အဲ့ဒီပြည်သူတွေအတွက် လိုအပ်ချက်တွေကို နိုင်ငံတကာက အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။

(Zawgyi)

သြားလာေရးခက္ခဲေနမႈေၾကာင့္ ေဒသခံမ်ားမွတဆင့္သာ ႏိုင္ငံတကာအကူအညီမ်ားေပးေနရ

ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာေနၾကတဲ့ တိုက္ပြဲေရွာင္ျပည္သူေတြကို တိုက္႐ိုက္အကူအညီမေပးႏိုင္ေသးဘဲ ေဒသခံကူညီေပးေနသူေတြကေနတဆင့္သာ ကူညီေပးေနရတယ္လို႔ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး(OCHA)က ဒီကေန႔ ႏိုဝင္ဘာ ၁၇ ရက္ကထုတ္ျပန္ပါတယ္။

ေအာက္တိုဘာ ၂၆ ရက္နဲ႔ ႏိုဝင္ဘာ ၈ ရက္အတြင္း ျမန္မာႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာ ေနရပ္စြန႔္ခြာမႈေတြအမ်ားအျပားျဖစ္ခဲ့ၿပီး မတူပီၿမိဳ႕နယ္၊ပလက္ဝၿမိဳ႕နယ္နဲ႔ထန္တလန္ၿမိဳ႕နယ္ေတြက လူဦးေရ ၅၂၀၀ ေလာက္ဟာ ႏိုဝင္ဘာအစပိုင္းမွာ ေနရပ္စြန႔္ခြာခဲ့ၾကတယ္လို႔ OCHAက ဆိုပါတယ္။

ဒါ့အျပင္ အိႏၵိယႏိုင္ငံထဲကိုဝင္ေရာက္သြားတဲ့သူေတြလည္းရွိတာေၾကာင့္ ေဖေဖာ္ဝါရီလမွာ နယ္စပ္ျဖတ္ေက်ာ္သြားသူေပါင္း ၁၅၀၀၀ ေက်ာ္ရွိတယ္လို႔လည္းဆိုပါတယ္။

ေနာက္ၿပီး စစ္ကိုင္းတိုင္း၊ကေလးၿမိဳ႕မွာလည္း ေနရပ္စြန႔္ခြာသူ ၈၂၀၀ ေယာက္ရွိတာေၾကာင့္ ႏွစ္ပတ္အတြင္း ေနရပ္စြန႔္ခြာသူ ႏွစ္ဆေက်ာ္ျမင့္တက္လာတာရွိၿပီး မေကြးတိုင္း‌‌က ေဆာၿမိဳ႕နယ္နဲ႔ဂန႔္ေဂါၿမိဳ႕နယ္ေတြမွာေတာ့ လုံၿခဳံေရးအေျခအေနျပန္ေကာင္းလာတာေၾကာင့္ ေနရပ္ျပန္လာသူေတြရွိတယ္လို႔ ဆက္ေျပာထားပါတယ္။

ေမလက ခ်င္းျပည္နယ္၊မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းတို႔မွာျဖစ္ပြားေနတဲ့ တိုက္ပြဲ‌ေတြေၾကာင့္ လူဦးေရ ၄၉,၇၀၀ ေလာက္ေနရပ္စြန႔္ခြာခဲ့ၾကပါတယ္။အဲဒီအျပင္ ခ်င္းျပည္နယ္၊ပလက္ဝၿမိဳ႕က ယာယီစခန္းေတြမွာ ရခိုင္လူမ်ိဳး ၆၃၄၀ ေယာက္ေလာက္ေနထိုင္ေနရတဲ့ အေျခအေနရွိေနပါတယ္။

အဲ့ဒီျပည္သူေတြအတြက္ လိုအပ္ခ်က္ေတြကို ႏိုင္ငံတကာက အကူအညီေတြ ေပးေနတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here