ဓါတ်တိုင်တွင် ခွင့်ပြုချက် မရှိဘဲ သွယ်တန်းထားသော အင်တာနက် ကြိုးများဖြုတ်မည်

0
139
ဓါတ်တိုင်တွင် ခွင့်ပြုချက်မရှိဘဲ သွယ်တန်းထားသော အင်တာနက် ကြိုးများဖြုတ်မည်
ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး နယ်နမိတ်အတွင်းရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေ းကော်ပိုရေးရှင်းပိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတိုင် (ဓာတ်တိုင်)များပေါ်တွင် ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားရှိသည်ကို စိစစ်တွေ့ရှိရသဖြင့်ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် တရားမဝင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေး ကြိုးများကိ (၃၀-၁၁-၂၀၂၁)ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့်ဖယ်ရှားရန်နှင့် ဖယ်ရှားရှင်းလင်းခြင်းမရှိသည့် ဖိုင်ဘာ ဆက်သွယ်ရေးကြိုးများကို ကော်ပိုရေးရှင်းမှ ဖြတ်တောက်ဖယ်ရှားသွားမည် ဖြစ်ပြီးတရားမဝင် သွယ်တန်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည် ဟုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here