ထိုင်းနယ်စပ်က မြန်မာအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

0
154
ထိုင်းနယ်စပ်က မြန်မာအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်
ရန်ကုန် နိုဝင်ဘာ ၁၇
ထိုင်မြန်မာနယ်စပ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မြန်မာသံရုံးရဲ့ အစီစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံအတွင်းက မြို့ပေါင်း (၅၀)မှာ ရှိနေတဲ့ အလုပ်သမားတွေအတွက် အလုပ်သမားသံအရာရှိရုံးနဲ့ ဆက်သွယ်ပြီး အမည်နေရပ်လိပ်စာဖုန်းနံပါတ်တွေ ပေးပို့ကာ ကာကွယ်ဆေးထိုးနှံနိုင်မှာဖြစ်ပါတယ်။
ကာကွယ်‌ဆေးထိုးနှံပေးမယ့် အချိန်နဲ့နေရာကို ပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး တွေ ထိုးနှံပေးမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသိန်းနီးပါးလောက်ကို ကာကွယ်‌ ဆေးထိုးနှံပေးဖို့စီစဉ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here