ရေစကြိုမြို့က နေအိမ်တစ်လုံးဗုံးပစ်ခံရလို့ လေးယောက်သေဆုံး

0
137
ရေစကြိုမြို့က နေအိမ်တစ်လုံးဗုံးပစ်ခံရလို့ လေးယောက်သေဆုံ
မကွေးတိုင်း၊ရေစကြိုမြို့၊ ထင်းတန်းရပ်ကွက်က နေအိမ်တစ်လုံးထဲကို နိုဝင်ဘာ ၁၇ ရက်ည ၁၀ နာရီခွဲကျော်လောက်မှာ ဆိုင်ကယ်စီးလာသူက ဗုံးပစ်သွင်းခဲ့တာကြောင့် ဗုံးပေါက်ကွဲပြီး အမျိုးသ မီးသုံးယောက်နဲ့ အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ညဖက်ဆိုင်ကယ်တစ်စီးအမြန်မောင်းလာတဲ့အသံကြားတယ် အဲဒီအိမ်နားရောက်တော့နှေးသွားတယ် ချက်ခြင်းပဲအပြင်းမောင်းထွက်သွားတဲ့အသံကြားလိုက်ရတယ် မောင်းထွက်ပြီးသိပ်မကြာဘူး ဗုံးပေါက်တာပဲ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
နေအိမ်ထဲကို ပစ်သွင်းခဲ့တဲ့ဗုံးပေါက်ကွဲခဲ့တာကြောင့် အိမ်ပိုင်ရှင်ဖြစ်သူ ကိုအေးလှိုင်နဲ့သူ့ရဲ့ဇနီးသည်၊သမီးနဲ့ဘေးအိမ်ချင်းကပ်အိမ်က အမျိုးသ မီးတစ်ယောက်တို့ ထိခိုက်ဒဏ်ရာတွေရပြီးသေ ဆုံးခဲ့ပါတယ်။
အမျိုးသမီးသုံးယောက်ဖြစ်တဲ့ မမာစီ(၄၅)နှစ်၊မအေးသင်း(၂၀)နှစ်နဲ့ဒေါ်စီ(၄၇)နှစ်တို့ကတော့ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတာဖြစ်ပြီး ကိုအေးလှိုင်(၅၂)နှစ်ကတော့ ရေစကြိုပြည်သူ့ဆေးရုံမှာဆေးကုနေတုန်း သေဆုံးခဲ့တာပါ။
သေဆုံးသူကိုအေးလှိုင်ဟာ NLD ပါတီရဲ့အမာခံတစ်ယောက်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here