ဂျာမနီသံရုံးအကြီးအကဲ တန်ဆောင်တိုင်ပွဲ ပါဝင်ဆင်နွဲ

0
89
ဂျာမနီသံရုံးအကြီးအကဲ တန်ဆောင်တိုင်ပွဲ ပါဝင်ဆင်နွဲ
ဒီနှစ်တန်ဆောင်တိုင်ပွဲတော်က ကံကြမ္မာဆိုးတွေကို မောင်းထုတ်နှိမ်နင်းပေးတဲ့ ပွဲဖြစ်ပါစေလို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးတာဝန်ခံအကြီးအကဲ Mr. York Schuegraf က ဆုတောင်းစကားဆိုလိုက်ပါတယ်။
“ကပ်ရောဂါဝေဒနာ၊ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာ‌ရသူတွေ အားလုံးအတွက် ဒီနေ့ ကျွန်တော် ဘုရားမှာ ဆီမီးထွန်းညှိပူဇော်ပေးခဲ့ပါတယ်။ နေ့စဉ်ရက်ဆက် ရုန်းကန်တွန်းလှန်နေကြသူများအတွက် ဆုတောင်းပေးပါတယ်။ ဒီနှစ်တန်ဆောင်တိုင်ပွဲတော်က ကံကြမ္မာဆိုးများကို မောင်းထုတ်နှိမ်နင်းပေးပြီး မြန်မာနိုင်ငံသားအားလုံး ထူးမြတ်ငြိမ်းချမ်းတဲ့ တန်ဆောင်တိုင်အခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။” လို့ Mr. York Schuegraf ကပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here