နွားအုပ်ဝင်တိုက်ပြီးကုန်ရထားတစ်စီး လမ်းချော်ရာ ရထားဝန်ထမ်း(၂)ဦး သေဆုံး

0
140
နွားအုပ်ဝင်တိုက်ပြီးကုန်ရထားတစ်စီး လမ်းချော်ရာ ရထားဝန်ထမ်း(၂)ဦး သေဆုံး
တောင်ငူမှ မန္တလေးသို ထွက်ခွာလာသည့် ကုန်ရထားတစ်စီး လမ်းချော်မှုဖြစ်ခဲ့ရာမှတစ်ဆင့် မီးရထားဝန်ထမ်း(၂)ဦး သေဆုံးသွားခဲ့သည်။
နိုဝင်ဘာလ(၁၇)ရက်၊ ည နေ(၅)နာရီခွဲ အချိန်ခန့်က ယခုဖြစ်စဉ် ဖြစ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ တောင်ငူမှ မန္တလေးသို မောင်းနှင်လာသောကုန်ရထားသည် ရမည်းသင်းနှင့် ပျော်ဘွယ်ကြား ကျောင်းကုန်းကျေးရွာအနီး ရထားလမ်း မိုင်တိုင်အမှတ် (၂၈၅)၊ တံတားအမှတ် (၅၂၉)တွင် လမ်းချော်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
နစကပြန်ကြားရေးအဖွဲက ရထားလမ်းချော်သွားမှုအပေါ် ရထားသည် နွားအုပ်ကိုဝင်တိုက်မိပြီး ရထားလမ်းချော်မှုဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
ဖြစ်စဉ်အတွင်း မီးရထားဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ရထားလမ်းပျက်စီးမှုကို ပြင်ဆင်နေပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here