မုဒိမ်းမှုကျူးလွန်သူများအား သင်းကွပ်မည့်ဥပဒေ ပါကစ္စတန်လွှတ်တော် အတည်ပြု

0
378
မုဒိမ်းမှုကျူးလွန်သူများအား သင်းကွပ်မည့်ဥပဒေ ပါကစ္စတန်လွှတ်တော် အတည်ပြု
အစ္စလာမ်မာဘဒ်၊ နိုဝင်ဘာ ၁၈
မုဒိမ်းမှုကျူးလွန်သူများအား ပြင်းထန်သောပြစ်ဒဏ်များချမှတ်ရာတွင် သင်းကွပ်ခြင်းပါ ပါဝင်သည့် မုဒိမ်းမှုတိုက်ဖျက်ရေး ဥပဒေသစ်တစ်ရပ်အား ပါကစ္စတန် လွှတ်တော်က ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်သည်။
ပါကစ္စတန်နိုင်ငံအတွင်းဖြစ်ပွားခဲ့သော မုဒိမ်းမှုများကို ကန့်ကွက်ကြခြင်းနှင့်၊ ထိရောက်စွာအရေးယူပေးရန် တောင်းဆိုချက်များ မြင့်မားလာခြင်းကြောင့် ယခုကဲ့သို့ ဥပဒေသစ်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် မုဒိမ်းမှုများအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားအနိုင်ကျင့်မှုများကို လေးလအတွင်း အမြန်ဆုံး စီရင်ချက်ချပေးနိုင်ရန်အတွက် အထူးတရားရုံးများကိုလည် တိုးချဲ့တည်ထောင်မည်ဖြစ်ကြောင်းသိရသည်။
ကိုးကား
Pakistan Parliament Approves Chemical Castration of Rapists
Photo: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here