အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများသေဆုံးမှု ၁၉၈ ဦးခန့်ရှိခဲ့ဟု နစကထုတ်ပြန်

0
176

(Unicode)

အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများသေဆုံးမှု ၁၉၈ ဦးခန့်ရှိခဲ့ဟု နစကထုတ်ပြန်

မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းအမျိုးမျိုး ပြ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ လုပ်ကြံသတ်ဖြတ်ခြင်းများ ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦး ခန့် သေဆုံးခဲ့ရပြီး ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့မှုများရှိခဲ့သည်ဟု နစကက ထုတ်ပြန်သည်။

နေပြည်တော်အပါအဝင်တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရစဖမှူးသေဆုံးမှု ၁၄၀ဦး၊ဒဏ်ရာရမှု ၈၈ဦး၊ရာအိမ်မှူး သေဆုံးမှု ၅၂ဦး၊ဒဏ်ရာရသူ ၅၅ဦး၊ရပ်ကျေးစာရေးသေဆုံးမှု ၆ဦး၊ဒဏ်ရာရသူ ၅ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးအနက် ကချင်ပြည်နယ်၊ကယားပြည်နယ်၊ဧရာဝတီတိုင်း၊ကရင်ပြည်နယ်၊ နေပြည်တော်၊ချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် သေဆုံးဒဏ်ရာရရှိမှုက အနည်းဆုံးဟု ထုတ်ပြန်ချက်ထဲ တွေ့ရသည်။

စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊မကွေးတိုင်း၊မွန်ပြည်နယ်တို့တွင် သေဆုံး၊ဒဏ်ရာရရှိမှုက အများဆုံးဖြစ်နေသည်ကိုလည်းတွေ့ရသည်။

(Zawgyi)

အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာတာဝန္ရွိသူမ်ားေသဆုံးမႈ ၁၉၈ ဦးခန႔္ရွိခဲ့ဟု နစကထုတ္ျပန္

ၿမိဳ႕နယ္၊ ေက်း႐ြာ၊ ရပ္ကြက္မ်ားမွ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ားအား အေၾကာင္းအမ်ိဳးမ်ိဳး ျပ၍ နည္းလမ္းမ်ိဳးစုံ အသုံးျပဳကာ လုပ္ႀကံသတ္ျဖတ္ျခင္းမ်ား ေၾကာင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ႏိုဝင္ဘာလ ၁၆ ရက္ေန႔အထိ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူ ၁၉၈ ဦး ခန႔္ ေသဆုံးခဲ့ရၿပီး ၁၄၈ ဦးခန႔္ ဒဏ္ရာရခဲ့မႈမ်ားရွိခဲ့သည္ဟု နစကက ထုတ္ျပန္သည္။

ေနျပည္ေတာ္အပါအဝင္တိုင္းႏွင့္ျပည္နယ္အသီးသီးမွ ရစဖမႉးေသဆုံးမႈ ၁၄၀ဦး၊ဒဏ္ရာရမႈ ၈၈ဦး၊ရာအိမ္မႉး ေသဆုံးမႈ ၅၂ဦး၊ဒဏ္ရာရသူ ၅၅ဦး၊ရပ္ေက်းစာေရးေသဆုံးမႈ ၆ဦး၊ဒဏ္ရာရသူ ၅ဦး ရွိခဲ့သည္ဟု ထုတ္ျပန္ခ်က္က ေဖာ္ျပသည္။

တိုင္းႏွင့္ ျပည္နယ္အသီးသီးအနက္ ကခ်င္ျပည္နယ္၊ကယားျပည္နယ္၊ဧရာဝတီတိုင္း၊ကရင္ျပည္နယ္၊ ေနျပည္ေတာ္၊ခ်င္းျပည္နယ္ရခိုင္ျပည္နယ္ႏွင့္ရွမ္းျပည္နယ္တို႔တြင္ ေသဆုံးဒဏ္ရာရရွိမႈက အနည္းဆုံးဟု ထုတ္ျပန္ခ်က္ထဲ ေတြ႕ရသည္။

စစ္ကိုင္းတိုင္း၊မႏၲေလးတိုင္း၊ရန္ကုန္တိုင္း၊မေကြးတိုင္း၊မြန္ျပည္နယ္တို႔တြင္ ေသဆုံး၊ဒဏ္ရာရရွိမႈက အမ်ားဆုံးျဖစ္ေနသည္ကိုလည္းေတြ႕ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here