ဗဟိုအလုပ်ကော်မတီနှင့် ဆက်သွယ်မှ တရားဝင်ဆက်သွယ်ခြင်းဖြစ်ဟု NLDဆို

0
86

(Unicode)

ဗဟိုအလုပ်ကော်မတီနှင့် ဆက်သွယ်မှ တရားဝင်ဆက်သွယ်ခြင်းဖြစ်ဟု NLDဆို

ပြည်တွင်း၊ ပြည်ပ သံတမန်များအနေဖြင့် ၂၀၂၁ခုနှစ်အောက်တိုဘာ ၃၀ရက်က ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရေးရာကော်မတီများ၊ပြည်နယ်နှင့်တိုင်းတာဝန်ခံများ၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းခဲ့သော ဗဟိုအလုပ်ကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်မှသာ တရားဝင်ဆက်သွယ်မှုဖြစ်သည်ဟု ဗဟိုအလုပ်ကော်မတီထဲပါသည့် ဦးအောင်ကြည်ညွှန့်က ပြည်ပမီဒီယာတစ်ခုကို ဖြေကြားခဲ့သည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဌမစ္စတာဆာဆာကာဝါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နှင့်တွေ့ခဲ့ကြောင်းနှင့် တွေ့ဆုံခဲ့သည့်သူကို ထုတ်ဖော်မပြောနိုင်ကြောင်း သတင်းမီဒီယာများအား ပြောဆိုအပြီး ဦးအောင်ကြည်ညွှန့်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗဟိုအလုပ်ကော်မတီသည် ၂၀၂၀၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD CEC များ စုံညီရှိနေချိန် ဖွဲ့စည်းခဲ့သော Steering Committee ထဲပါ အဖွဲ့ဝင်အချို့၊CEC၊အရံ CEC တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဦးအောင်ကြည်ညွှန့်က ဗဟိုအလုပ်ကော်မတီသည် NLD ပါတီကို ကိုယ်စားပြုပြီး ဆောင်ရွက်နေခြင်းဖြစ်၍ ပါတီအနေအထားဖြင့် ဆက်သွယ် ဆောင်ရွက်မည်ဆိုလျှင် ဗဟိုအလုပ်ကော်မတီကိုသာ ဆက်သွယ်မှ တရားဝင်သည်ဟု ပြောသည်။

မစ္စတာဆာဆာကာဝါသည် ဒေါ်စုစုလွင်နှင့်တွေ့ဆုံခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများထွက်ခဲ့ရာ “တကယ်လို့ ဒေါ်စုစုလွင်နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်လည်းပဲ ဒါ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံတဲ့အနေအထား မျိုးမှာပဲရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု NLD ပါတီကို ကိုယ်စားပြုပြီးတော့ တွေ့ဆုံဖို့ရာအတွက် သူ့ကို တာဝန်ပေးအပ်ထားတာ မရှိဘူး။” ဟု ဦးအောင်ကြည်ညွှန့်က ပြောဆိုသည်။

ဗဟိုအလုပ်ကော်မတီကို ဦးအောင်ကြည်ညွှန့်၊ဦးတင်ထွဋ်ဦး၊ဒေါက်တာခင်ဆောင်၊ဦးထွန်းမြင့်၊ဦးကျော်ထွေး၊ဦးမျိုးနိုင်နှင့် ဦးဝင်းအောင်ပါ အဖွဲ့ဝင်(၇)ဦးဖြင့် ဖွဲ့စည်းထားသည်။

(Zawgyi)

ဗဟိုအလုပ္ေကာ္မတီႏွင့္ ဆက္သြယ္မွ တရားဝင္ဆက္သြယ္ျခင္းျဖစ္ဟု NLDဆို

ျပည္တြင္း၊ ျပည္ပ သံတမန္မ်ားအေနျဖင့္ ၂၀၂၁ခုႏွစ္ေအာက္တိုဘာ ၃၀ရက္က က်င္းပေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ဗဟိုေရးရာေကာ္မတီမ်ား၊ျပည္နယ္ႏွင့္တိုင္းတာဝန္ခံမ်ား၏ သေဘာတူညီမႈျဖင့္ ဖြဲ႕စည္းခဲ့ေသာ ဗဟိုအလုပ္ေကာ္မတီႏွင့္ ဆက္သြယ္ေဆာင္႐ြက္မွသာ တရားဝင္ဆက္သြယ္မႈျဖစ္သည္ဟု ဗဟိုအလုပ္ေကာ္မတီထဲပါသည့္ ဦးေအာင္ၾကည္ၫႊန႔္က ျပည္ပမီဒီယာတစ္ခုကို ေျဖၾကားခဲ့သည္။

နီပြန္ေဖာင္ေဒးရွင္းဥကၠဌမစၥတာဆာဆာကာဝါက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ထိပ္ပိုင္းေခါင္းေဆာင္ႏွင့္ေတြ႕ခဲ့ေၾကာင္းႏွင့္ ေတြ႕ဆုံခဲ့သည့္သူကို ထုတ္ေဖာ္မေျပာႏိုင္ေၾကာင္း သတင္းမီဒီယာမ်ားအား ေျပာဆိုအၿပီး ဦးေအာင္ၾကည္ၫႊန႔္က အထက္ပါအတိုင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဗဟိုအလုပ္ေကာ္မတီသည္ ၂၀၂၀၊ ဇန္နဝါရီလ ၃၀ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD CEC မ်ား စုံညီရွိေနခ်ိန္ ဖြဲ႕စည္းခဲ့ေသာ Steering Committee ထဲပါ အဖြဲ႕ဝင္အခ်ိဳ႕၊CEC၊အရံ CEC တို႔ႏွင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ဦးေအာင္ၾကည္ၫႊန႔္က ဗဟိုအလုပ္ေကာ္မတီသည္ NLD ပါတီကို ကိုယ္စားျပဳၿပီး ေဆာင္႐ြက္ေနျခင္းျဖစ္၍ ပါတီအေနအထားျဖင့္ ဆက္သြယ္ ေဆာင္႐ြက္မည္ဆိုလွ်င္ ဗဟိုအလုပ္ေကာ္မတီကိုသာ ဆက္သြယ္မွ တရားဝင္သည္ဟု ေျပာသည္။

မစၥတာဆာဆာကာဝါသည္ ေဒၚစုစုလြင္ႏွင့္ေတြ႕ဆုံခဲ့ေၾကာင္း အတည္မျပဳႏိုင္ေသာ သတင္းမ်ားထြက္ခဲ့ရာ “တကယ္လို႔ ေဒၚစုစုလြင္နဲ႔ေတြ႕ခဲ့တယ္ဆိုလို႔ရွိရင္လည္းပဲ ဒါ ပုဂၢိဳလ္ေရးအရ ေတြ႕ဆုံတဲ့အေနအထား မ်ိဳးမွာပဲရွိမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု NLD ပါတီကို ကိုယ္စားျပဳၿပီးေတာ့ ေတြ႕ဆုံဖို႔ရာအတြက္ သူ႔ကို တာဝန္ေပးအပ္ထားတာ မရွိဘူး။” ဟု ဦးေအာင္ၾကည္ၫႊန႔္က ေျပာဆိုသည္။

ဗဟိုအလုပ္ေကာ္မတီကို ဦးေအာင္ၾကည္ၫႊန႔္၊ဦးတင္ထြဋ္ဦး၊ေဒါက္တာခင္ေဆာင္၊ဦးထြန္းျမင့္၊ဦးေက်ာ္ေထြး၊ဦးမ်ိဳးႏိုင္ႏွင့္ ဦးဝင္းေအာင္ပါ အဖြဲ႕ဝင္(၇)ဦးျဖင့္ ဖြဲ႕စည္းထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here