အထူးဒေသ(၄)မိုင်းလားမြို့တွင်းနဲ့အနီးဝန်းကျင်ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာသွားလာနိုင်

0
201

(Unicode)

အထူးဒေသ(၄)မိုင်းလားမြို့တွင်းနဲ့အနီးဝန်းကျင်ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာသွားလာနိုင်

ရှမ်း(အရှေ့)၊အထူးဒေသ(၄)ရဲ့ မိုင်းလားတစ်မြို့လုံးကို ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီးအဖွဲ့က အာခေါင်တို့ဖတ်ဓာတ်ခွဲနမူနာစစ်ဆေးတာကို နိုဝင်ဘာ ၁၈ ရက်ညနေပိုင်းအ ထိ လုပ်ဆောင်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၉ ရက်မနက် ၈ နာရီမှာ ထွက်ပေါ်လာတဲ့ အာခေါင်တို့ဖတ်ဓာတ်ခွဲနမူနာရလဒ်တွေမှာ စစ်ဆေးခဲ့သူအားလုံးဟာ ရောဂါပိုးမရှိကြောင်းအဖြေထွက်ပေါ်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေပုံမှန်အတိုင်းလွတ်လပ်စွာသွားလာနိုင်ဖို့၊စီးပွားရေးလုပ်ငန်းတွေပုံမှန်အ တိုင်းပြန်လည်ပတ်နိုင်ဖို့အတွက် ယာဥ်အသွား အလာကန့်သတ်ထားတဲ့ မိုင်းလားမြို့တွင်း၊မိုင်းလားမှနမ့်ပန်းနဲ့ဆီလူးဖက်သွားလာမှုကန့်သတ်ချက်ကို ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီးအဖွဲ့နဲ့အိမ်နီးချင်းနိုင်ငံမှပြင်ပချစ်ကြည်ရေးအ သင်းတို့ရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ ဖြေလျော့ပေးခဲ့ပါတယ်။

နမ့်ပန်းဒေသနဲ့ဆီလူးဒေသတို့ကိုလည်း သွားလာမှုကန့်သတ်ချက်ဖြေလျော့ပေးခဲ့ပါတယ်။

အလားတူပဲ နိုဝင်ဘာ ၂၀ ရက်မနက် ၆ နာရီမှာ ဝမ်ရှိဖွံ့ဖြိုးရေးဇုန်မှာလည်း အာခေါင်တို့ဖတ်ဓာတ်ခွဲနမူနာစစ်ဆေးပေးသွားမှာပါ။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here