နိုင်ငံခြားခရီးသွားများကိုပြန်လည်ခွင့်ပြုရန် ဖိလစ်ပိုင်ပြင်ဆင်

0
314

(Unicode)

နိုင်ငံခြားခရီးသွားများကိုပြန်လည်ခွင့်ပြုရန် ဖိလစ်ပိုင်ပြင်ဆင်

လပေါင်း ၂၀ကျော်ကြာ ခရီးသွားလာခွင့်တွေ ပိတ်ပင်ကန့်သတ်ထားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ မကြာမီအချိန်မှာတော့ ခရီးသွားလာခွင့်တွေ ပြန်လည်ခွင့်ပြုပေးတော့မှာဖြစ်ပြီး ဒါကို ဖိလစ်ပိုင်ကိုဗစ်အထူးအဖွဲ့ကလည်း ထောက်ခံချက်ပေးထားပြီးဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာလ ၁၉ရက်ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကိုဗစ်ရောဂါအခြေအနေမပြင်းထန်တဲ့၊ ကူးစက်မှုနှုန်းမမြင့်မားတဲ့နိုင်ငံတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး လာရောက်မယ့်နိုင်ငံခြားသားတွေအနေနဲ့ ကာကွယ်ဆေးအပြည့်ထိုးနှံထားဖို့တော့လိုအပ်တယ်လို့ ခရီးသွားဝန်ကြီးဌာနအတွင်းရေးမှူး Berna Puyat ကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ရှိကိုဗစ်အခြေအနေဟာ ရောဂါကူးစက်မှုနှုန်းကျဆင်းနေပြီး ကူးစက်မှုအနိမ့်ဆုံးအခြေအနေမှာရှိနေကာ နိုင်ငံတွင်း ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းမှာလည်း တက်နေပြီလို့သိရပါတယ်။

ယခုအချိန်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုပေါင်း ၂.၈သန်းကျော်ရှိနေပြီဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၃ပုံ ၁ပုံ(သန်း ၁၁၀) က ကာကွယ်ဆေးအပြည့် ထိုးနှံပြီးစီးနေပြီလို့ဆိုပါတယ်။

Source – CNA
Photo – TTR Weekly

(Zawgyi)

ႏိုင္ငံျခားခရီးသြားမ်ားကိုျပန္လည္ခြင့္ျပဳရန္ ဖိလစ္ပိုင္ျပင္ဆင္

လေပါင္း ၂၀ေက်ာ္ၾကာ ခရီးသြားလာခြင့္ေတြ ပိတ္ပင္ကန႔္သတ္ထားခဲ့တဲ့ ဖိလစ္ပိုင္ႏိုင္ငံဟာ မၾကာမီအခ်ိန္မွာေတာ့ ခရီးသြားလာခြင့္ေတြ ျပန္လည္ခြင့္ျပဳေပးေတာ့မွာျဖစ္ၿပီး ဒါကို ဖိလစ္ပိုင္ကိုဗစ္အထူးအဖြဲ႕ကလည္း ေထာက္ခံခ်က္ေပးထားၿပီးျဖစ္တယ္လို႔ ဖိလစ္ပိုင္အစိုးရက ႏိုဝင္ဘာလ ၁၉ရက္ဒီကေန႔မွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ကိုဗစ္ေရာဂါအေျခအေနမျပင္းထန္တဲ့၊ ကူးစက္မႈႏႈန္းမျမင့္မားတဲ့ႏိုင္ငံေတြကို ခြင့္ျပဳေပးသြားမွာျဖစ္ၿပီး လာေရာက္မယ့္ႏိုင္ငံျခားသားေတြအေနနဲ႔ ကာကြယ္ေဆးအျပည့္ထိုးႏွံထားဖို႔ေတာ့လိုအပ္တယ္လို႔ ခရီးသြားဝန္ႀကီးဌာနအတြင္းေရးမႉး Berna Puyat ကေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရဲ႕ လက္ရွိကိုဗစ္အေျခအေနဟာ ေရာဂါကူးစက္မႈႏႈန္းက်ဆင္းေနၿပီး ကူးစက္မႈအနိမ့္ဆုံးအေျခအေနမွာရွိေနကာ ႏိုင္ငံတြင္း ကာကြယ္ေဆးထိုးႏွံၿပီးစီးမႈႏႈန္းမွာလည္း တက္ေနၿပီလို႔သိရပါတယ္။

ယခုအခ်ိန္အထိ ဖိလစ္ပိုင္ႏိုင္ငံတြင္ ကိုဗစ္ေရာဂါကူးစက္ခံရမႈေပါင္း ၂.၈သန္းေက်ာ္ရွိေနၿပီျဖစ္ၿပီး ႏိုင္ငံ့လူဦးေရရဲ႕ ၃ပုံ ၁ပုံ(သန္း ၁၁၀) က ကာကြယ္ေဆးအျပည့္ ထိုးႏွံၿပီးစီးေနၿပီလို႔ဆိုပါတယ္။

Source – CNA
Photo – TTR Weekly


LEAVE A REPLY

Please enter your comment!
Please enter your name here