Now We Are Breaking Up အပိုင်းသစ်တွင် Sehun အခန်းပါဝင်မည်

0
245

Now We Are Breaking Up အပိုင်းသစ်တွင် Sehun အခန်းပါဝင်မည်

 

ဒီနေ့ည ကိုရီးယားစံတော်ချိန် ၁၀ နာရီမှာထုတ် လွှင့်မယ့် Now We Are Breaking Up အပိုင်းသစ်မှာ Exo အဖွဲ့ဝင် Sehun ရဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရတော့မှာပါ။

Sehun ဟာ The One ဖက်ရှင်ကုမ္ပဏီ CEO ရဲ့ အငယ်ဆုံးသား Hwang Chi Hyungအဖြစ်သရုပ်ဆောင်မှာပါ။

ဖခင်ရဲ့ဆန္ဒကြောင့် The One ဖက်ရှင် ဒီဇိုင်းအဖွဲ့ရဲ့ ဝန်ထမ်းသစ်အဖြစ် အလုပ်ဝင်မှာဖြစ်ပြီး အဖွဲ့မှူး Ha Young Eun(Song Hye Kyo) ရဲ့ လက်အောက်မှာ အလုပ်လုပ်ရမှာပါ။

Hwang Chi Hyung ဟာ သူ့ရဲ့အစ်မ Hwang Chi Sook ထက် ဥာဏ်ကောင်းပြီးထက်မြက်သူပါ။

အရာရာကို မကြောက်ရွံ့ပဲ ပြောရဲဆိုရဲတဲ့ Hwang Chi Hyung ကြောင့် ဒရာမာကြည့်ရှုသူတွေဟာ ရသအသစ်တွေကို ခံစားရဦးမှာပါ။

Now We Are Breaking Up အပိုင်းသစ်ကို ဒီနေ့ည ကိုရီးယားစံတော်ချိန် ၁၀နာရီမှာ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာပါ။

Zaw Gyi

 









LEAVE A REPLY

Please enter your comment!
Please enter your name here