နယ်စပ်ကုန်သွယ်ရေးအထိနာနေ

0
122

နယ်စပ်ကုန်သွယ်ရေးအထိနာနေ

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပိတ်ထားတာ ရှည်ကြာလာတာနဲ့အမျှ နယ်စပ်ကုန်သွယ်ရေးကနေရနေတဲ့ ကုန်သွယ်မှု ငွေတွေဟာ ထိုးဆင်းလာနေပြီး မြန်မာကုန်သည်တွေ၊ကုန်ပစ္စည်းတွေကို သယ်ယူပိုဆောင်ပေးနေတဲ့ ယာဉ်မောင်းတွေနဲ့ အလုပ်သမားတွေအကုန်လုံး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ရက် နောက်ဆုံး ကိန်းဂဏန်းအချက်အလက်တွေအရဆိုရင် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း၇၀၀ နီးပါး အနှုတ်လက္ခဏာဆောင်နေပါတယ်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ ပိုကုန်ပိုင်းမှာ အတော်လေးအထိနာနေပြီး ယခင်ကာလတူကထက် အမေရိကန်ဒေါ်လာ သန်း၅၀၀ကျော်ကျဆင်းသွားပါတယ်။သွင်းကုန်ပိုင်းကတော့ အမေရိကန်ဒေါ်လာသန်း ၁၇၀ကျော် ကျဆင်းသွားခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ကာလတူကဆိုရင် တရုတ်-ထိုင်း-အိန္ဒိယစတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကနေ ပိုကုန်တင်ပိုရတဲ့ အမေရိကန်ဒေါ်လာကိန်းဂဏန်းက သန်း၁၂၀၀ကျော်ရှိခဲ့ပါတယ်။အခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း၆၁၀ကျော်ပဲ ရှိခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအပိုင်းတွေဖြစ်တဲ့ တာချီလိတ်၊ထီးခီး၊မောတောင်၊မြဝတီ၊ကော့သောင်းစတဲ့ နယ်စပ်ကုန်သွယ်ရေးအပိုင်းတွေမှာတော့ ပိုကုန်၊သွင်းကုန်တွေ သိသိသာသာကျဆင်းမှုမရှိခဲ့တဲ့ အပြင် ယခင်ကာလတူကထက် အမေရိကန်ဒေါ်လာသန်း၉ ဝကျော်လောက် ပိုတိုးလာခဲ့တာရှိပါတယ်။

အထိနာနေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးတွေနဲ့ ပတ်သတ်ပြီး မြန်မာဘက်ကတော့ အမြန်ဆုံးဖွင့်လှစ်နိုင်ဖို႔ ကြိုးစားနေတာရှိပါတယ်။

Zaw Gyi

နယ္စပ္ကုန္သြယ္ေရးအထိနာေန

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္းေတြ ပိတ္ထားတာ ရွည္ၾကာလာတာနဲ႔အမၽွ နယ္စပ္ကုန္သြယ္ေရးကေနရေနတဲ့ ကုန္သြယ္မွုေငြေတြဟာ ထိုးဆင္းလာေနၿပီး ျမန္မာကုန္သည္ေတြ၊ကုန္ပစၥည္းေတြကို သယ္ယူပိုေဆာင္ေပးေနတဲ့ ယာဥ္ေမာင္းေတြနဲ႔ အလုပ္သမားေတြအကုန္လုံး အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနၾကပါတယ္။

၂၀၂၁ ခုႏွစ္ နိုဝင္ဘာ ၁၂ရက္ ေနာက္ဆုံး ကိန္းဂဏန္းအခ်က္အလက္ေတြအရဆိုရင္ တစ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ သန္း၇၀၀ နီးပါး အႏွုတ္လကၡဏာေဆာင္ေနပါတယ္။

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးရဲ့ ပိုကုန္ပိုင္းမွာ အေတာ္ေလးအထိနာေနၿပီး ယခင္ကာလတူကထက္ အေမရိကန္ေဒၚလာ သန္း၅၀၀ေက်ာ္က်ဆင္းသြားပါတယ္။သြင္းကုန္ပိုင္းကေတာ့ အေမရိကန္ေဒၚလာသန္း ၁၇၀ေက်ာ္ က်ဆင္းသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ႏွစ္ကာလတူကဆိုရင္ တ႐ုတ္-ထိုင္း-အိႏၵိယစတဲ့ နယ္စပ္ကုန္သြယ္ေရးစခန္းအားလုံးကေန ပိုကုန္တင္ပိုရတဲ့ အေမရိကန္ေဒၚလာကိန္းဂဏန္းက သန္း၁၂၀၀ေက်ာ္ရွိခဲ့ပါတယ္။အခုႏွစ္မွာေတာ့ အေမရိကန္ေဒၚလာ သန္း၆၁၀ေက်ာ္ပဲ ရွိခဲ့ပါတယ္။

ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္ေရးအပိုင္းေတြျဖစ္တဲ့ တာခ်ီလိတ္၊ထီးခီး၊ေမာေတာင္၊ျမဝတီ၊ေကာ့ေသာင္းစတဲ့ နယ္စပ္ကုန္သြယ္ေရးအပိုင္းေတြမွာေတာ့ ပိုကုန္၊သြင္းကုန္ေတြ သိသိသာသာက်ဆင္းမွုမရွိခဲ့တဲ့ အျပင္ ယခင္ကာလတူကထက္ အေမရိကန္ေဒၚလာသန္း၉ ဝေက်ာ္ေလာက္ ပိုတိုးလာခဲ့တာရွိပါတယ္။

အထိနာေနတဲ့ တ႐ုတ္နယ္စပ္ကုန္သြယ္ေရးေတြနဲ႔ ပတ္သတ္ၿပီး ျမန္မာဘက္ကေတာ့ အျမန္ဆုံးဖြင့္လွစ္နိုင္ဖို႔ ႀကိဳးစားေနတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here