သံဖြူဇရပ်မှာ ကားမှောက် ကားမောင်းသူသေဆုံး

0
226

သံဖြူဇရပ်မှာ ကားမှောက် ကားမောင်းသူသေဆုံး

သံဖြူဇရပ်မြို့နယ်က ကျိုက္ခမီ-စက်စဲသွားကားလမ်းမှာ ဒီနေ့မနက် ၉ နာရီလောက်က မော်လမြိုင်မြို့ကလာတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပါတယ်။

ကားမောင်းသူကတော့ အခင်းဖြစ်နေရာမှာပဲသေဆုံးခဲ့ပြီး ကားပေါ်ပါလာတဲ့ ၁၂ ယောက်ထဲမှာ ရှစ်ယောက်ကထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

“စက်စဲလမ်းဆုံနားမှာဖြစ်တာပါ ဒဏ်ရာရလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်”လို့ လူမှုကူညီရေးအသင်းဝင်တစ်ယောက်ကပြောပါတယ်။

အခင်းဖြစ်ပွားရာကို သံဖြူဇရပ်မြို့နယ်အခြေ စိုက် လူမှုကူညီရေးအသင်းတွေကလာရောက်ကူညီပေးခဲ့ကြပါတယ်။







LEAVE A REPLY

Please enter your comment!
Please enter your name here