ကမ္ဘာ့ ပထမဆုံး အဌဂံ ရေပေါ်မြို့တော် ဆော်ဒီအာရေဗျ တည်ဆောက်တော့မည်

0
181

ကမ္ဘာ့ ပထမဆုံး အဌဂံ ရေပေါ်မြို့တော် ဆော်ဒီအာရေဗျ တည်ဆောက်တော့မည်

ဆော်ဒီအာရေဗျ၊ နိုဝင်ဘာ ၂၀

ကမ္ဘာ့ပထမဆုံးသော အဌဂံပုံသဏ္ဍာန် ရေပေါ်မြို့တော်ကြီးတစ်ခုကို ပင်လယ်နီအတွင်းတွင် တည်ဆောက်မည်ဟု ဆော်ဒီအာရေဗျနိုင်ငံက ကြေညာလိုက်သည်။

ယင်းမြို့တော်ကိုလည်း OXAGON(အဌဂံ)ဟုပင် အမည်ပေးထားသည်။ အဌဂံမြို့တော်ကြီးအား စက်ရုံမြို့တော်ကြီးတစ်ခုအဖြစ်တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းရှင်တို့လိုအပ်သမျှ စီးပွားရေးလုပ်ငန်းအားလုံး ထိုမြို့တွင်ရှိနေမည်ဖြစ်သည်ဆို၏။

ထို့အပြင် ကမ္ဘာ့ပထမဆုံး အလိုအလျောက်အလုပ်လုပ်သည့် ဆိပ်ကမ်းတစ်ခုကိုပါ တွဲဖက်တည်ဆောက်သွားမည်ဖြစ်သည်။

အဌဂံ ရေပေါ်မြို့တော်ကြီးကို ဆော်ဒီအာရေဗျ နိုင်ငံ အနောက်မြောက်ပိုင်းတွင် အသစ်တည်ထောင်လျှက်ရှိသည့် နီယွမ်(NEOM) ဒေသ၏ အစွန်းတစ်နေရာတွင် တည်ဆောက်မည်ဖြစ်သည်။ နီယွမ်ဒေသမှာလည်း နယူးယောက်မြို့ထက် ၃၃ဆကျယ်ဝန်းသည်။

ကိုးကား
Saudi Arabia announced a wild plan to build a floating, 8-sided city

Zaw Gyi







ကိုးကား

 


LEAVE A REPLY

Please enter your comment!
Please enter your name here