ဟောင်ကောင်တွင် အသက် ၃နှစ်မှ ၁၇နှစ်ကြား ကလေးငယ် များကို ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် အကြံပြု

0
115

ဟောင်ကောင်တွင် အသက် ၃နှစ်မှ ၁၇နှစ်ကြား ကလေးငယ်များကို ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် အကြံပြု

ဟောင်ကောင်တွင် အသက် ၃နှစ်မှ ၁၇နှစ်ကြားကလေးငယ်တွေကို တရုတ်နိုင်ငံထုတ် စီနိုဗက်ကာကွယ်ဆေးကိုထိုးနှံပေးရန် ထောက်ခံချက်ပေးထားပြီး နယ်စပ်ဒေသနေထိုင်သူ ၇.၅သန်းကိုလည်း ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့သိရပါတယ်။

အစားအသောက်နဲ့ကျန်းမာရေးဝန်ကြီးဌာနအတွင်းရေးမှူး ဆိုဖီယာချန်က “အသက် ၁၂နှစ်ကနေ ၁၇နှစ်ကြားကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့တော့ သဘောတူညီချက်ရထားပြီးသားပါ၊ ဒီ့ထက်ငယ်တဲ့အရွယ်တွေကိုတော့ နောက်တစ်ဆင့်အနေနဲ့ ထပ်တိုးလုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ နိုဝင်ဘာလ ၂၀ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

အစိုးရအကြံပေးတွေအနေနဲ့လည်း အသက် ၁၂နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံရန် ထောက်ခံချက်ပေးထားပြီးဖြစ်ကာ ဖေဖော်ဝါရီလတွင် စတင်ထိုးနှံရန်ရည်ရွယ်ထားပြီး ဟောင်ကောင်အနေနဲ့ ပေကျင်းရဲ့ကိုဗစ်စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

ဟောင်ကောင်ဟာ လူဦးရေ ၆၇ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့် ထိုးနှံပြီးစီးပြီဖြစ်ပြီး ၃ကြိမ်မြောက်ထပ်စောင်းထိုးနှံမှုကိုတော့ BioNTech အမျိုးအစားကို ထိုးနှံပေးသွားမယ်လို့ဆိုပါတယ်။

Source – Hong Kong authorises Sinovac COVID-19 vaccine for children aged 3 to 17
Photo – The Diplomat

Zaw Gyi

 

ေဟာင္ေကာင္တြင္အသက္ ၃ႏွစ္မွ ၁၇ႏွစ္ၾကားကေလးငယ္မ်ားကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံရန္အႀကံျပဳ

ေဟာင္ေကာင္တြင္ အသက္ ၃ႏွစ္မွ ၁၇ႏွစ္ၾကားကေလးငယ္ေတြကို တ႐ုတ္နိုင္ငံထုတ္ စီနိုဗက္ကာကြယ္ေဆးကိုထိုးႏွံေပးရန္ ေထာက္ခံခ်က္ေပးထားၿပီး နယ္စပ္ေဒသေနထိုင္သူ ၇.၅သန္းကိုလည္း ကာကြယ္ေဆးထိုးႏွံေပးသြားမယ္လို႔သိရပါတယ္။

အစားအေသာက္နဲ႔က်န္းမာေရးဝန္ႀကီးဌာနအတြင္းေရးမွူး ဆိုဖီယာခ်န္က “အသက္ ၁၂ႏွစ္ကေန ၁၇ႏွစ္ၾကားကေလးငယ္ေတြကို ကာကြယ္ေဆးထိုးဖို႔ေတာ့ သေဘာတူညီခ်က္ရထားၿပီးသားပါ၊ ဒီ့ထက္ငယ္တဲ့အရြယ္ေတြကိုေတာ့ ေနာက္တစ္ဆင့္အေနနဲ႔ ထပ္တိုးလုပ္ေဆာင္ရမွာျဖစ္ပါတယ္” လို႔ နိုဝင္ဘာလ ၂၀ရက္ေန႔မွာထုတ္ျပန္ခဲ့ပါတယ္။

အစိုးရအႀကံေပးေတြအေနနဲ႔လည္း အသက္ ၁၂ႏွစ္ေအာက္ကေလးငယ္ေတြကို ကာကြယ္ေဆးထိုးႏွံရန္ ေထာက္ခံခ်က္ေပးထားၿပီးျဖစ္ကာ ေဖေဖာ္ဝါရီလတြင္ စတင္ထိုးႏွံရန္ရည္ရြယ္ထားၿပီး ေဟာင္ေကာင္အေနနဲ႔ ေပက်င္းရဲ့ကိုဗစ္စည္းကမ္းခ်က္ေတြအတိုင္း ေဆာင္ရြက္လ်က္ရွိတယ္လို႔သိရပါတယ္။

ေဟာင္ေကာင္ဟာ လူဦးေရ ၆၇ရာခိုင္ႏွုန္းကို ကာကြယ္ေဆးအျပည့္ ထိုးႏွံၿပီးစီးၿပီျဖစ္ၿပီး ၃ႀကိမ္ေျမာက္ထပ္ေစာင္းထိုးႏွံမွုကိုေတာ့ BioNTech အမ်ိဳးအစားကို ထိုးႏွံေပးသြားမယ္လို႔ဆိုပါတယ္။

Source – Hong Kong authorises Sinovac COVID-19 vaccine for children aged 3 to 17
Photo – The Diplomat


LEAVE A REPLY

Please enter your comment!
Please enter your name here