၉ လကျော်အတွင်း နိုင်ငံ့ဝန်ထမ်း ၃၈ ယောက် အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့

0
127

၉ လကျော်အတွင်း နိုင်ငံ့ဝန်ထမ်း ၃၈ ယောက် အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့

ဖောဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အထိ နိုင်ငံတစ်ဝှမ်းက နိုင်ငံ့ဝန်ထမ်း ၃၈ ယောက် အ ကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံရတာကြောင့် သေဆုံးခဲ့ပြီး ၇၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့အရာအားလုံးကိုပြန်လည်ကုစားဖို့ ဘက်ပေါင်းစုံကအ တူပူးပေါင်းဆောင်ရွက်နေချိန်မှာ အခုလိုအကြမ်း ဖက်တိုက်ခိုက်သတ်ဖြတ်ခံရတာပါလို့ ရေးသားထားပါတယ်။

သေဆုံးခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း ၃၈ ယောက်ဟာ နေ ပြည်တော်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊စစ် ကိုင်းတိုင်း၊တနင်္သာရီတိုင်း၊ပဲခူးတိုင်း၊မကွေး တိုင်း၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ရန်ကုန်တိုင်းနဲ့ရှမ်းပြည်နယ်တို့မှာ တာဝန်ထမ်းဆောင်နေကြတာပါ။

နေပြည်တော်၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊မကွေး တိုင်း၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်နဲ့ဧရာဝတီတိုင်းတို့က နိုင်ငံ့ဝန်ထမ်း ၇၉ ယောက်လည်းဒဏ်ရာရခဲ့ပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကိုဖမ်းမိဖို့အတွက် လုံခြုံရေးအဖွဲ့တွေကလုပ်ဆောင်နေကြပါတယ်။

Zaw Gyi

 








LEAVE A REPLY

Please enter your comment!
Please enter your name here