မြန်မာနိုင်ငံတွင် အန္တရာယ် ရှိသော လုပ်ငန်းခွင် အတွင်း အလုပ်လုပ်နေသော ကလေ းလုပ်သား ဒသမ ၂၅ သန်း ရှိနေ

0
210

မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသော လုပ်ငန်းခွင် အတွင်းအလုပ်လုပ်နေသော ကလေးလုပ်သား ဒသမ ၂၅ သန်း ရှိနေ


မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေသော ကလေးလုပ်သား အရေအတွက်မှာ တစ်နိုင်ငံလုံးရှိ ကလေးအရေအတွက်အနက် ဒသမ ၂၅ သန်း ရှိနေကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

တစ်နိုင်ငံလုံးတွင် အသက် ၅ နှစ်မှ ၁၇ နှစ်ထိ စုစုပေါင်း ၁၂ ဒသမ ၃၃ သန်း ရှိပြီး ယင်းတွင် မြို့ပြ၌ ၂ ဒသမ ၉၅ သန်း၊ကျေးလက်တွင် ၉ ဒသမ ၃၈ သန်း ရှိကာ ယောင်္ကျားလေး ၆ ဒသမ ၁၂ သန်း နှင့် မိန်းကလေး ၆ ဒသမ ၂၁ သန်း ရှိသည့်အနက်
အလုပ်လုပ်သော ကလေးအရေအတွက်မှာ မြို့ပြတွင် ဒသမ ၇ သန်း ၊ကျေးလက်တွင် ဒသမ ၃၀ သန်း ရှိ ရာ အလုပ်လုပ်သော ယောင်္ကျားလေးဒသမ ၂၁ သန်း၊အလုပ်လုပ်သော မိန်းကလေးဒသမ ၁၆ သန်း ၊ ကလေးလုပ်သား ပမာဏမှာ မြို့ပြတွင် ဒသမ ၀၅ သန်း ၊ ကျေးလက်တွင်ဒသမ ၂၄ သန်း ရှိကာ ကလေးလုပ်သားယောင်္ကျားလေး ဒသမ ၁၇ သန်း၊ ကလေးလုပ်သားမိန်းကလေး ဒသမ ၀၅ သန်း ရှိကြောင်း အဆိုပါ စာရင်းများအရ သိရသည်။

အဆိုပါ ကလေးလုပ်သားများထဲတွင် အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေသာ ကလေးလုပ်သားမှာ မြို့ပြတွင် ဒသမ ၀၅ သန်း၊ကျေးလက်တွင် ဒသမ ၂၀ သန်း ရှိရာ ယောင်္ကျားလေးအရေအတွက်မှာ ဒသမ ၁၄ သန်း ၊ မိန်းကလေး အရေအတွက်မှာ ဒသမ ၁၁ သန်း ရှိကြောင်း သိရသည်။

“အလုပ်လုပ်တဲ့ ကလေး ယောင်္ကျားလေး ၃ ဒသမ ၅ ရာခိုင်နှုန်း ၊ မိန်းကလေး ၂ ဒသမ ၅ ရာခိုင်နှုန်း ၊ အဲဒီမှာ မြို့ပြနေတဲ့ အရေအတွက် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ကျေးလက်မှာ နေတာ ၃ ဒသမ၂ ရာခိုင်နှုန်း စုစုပေါင်း ၃ ဒသမ ၀ ရာခိုင်နှုန်း
ရှိတဲ့အနက် ကလေးလုပ်သား ရာခိုင်နှုန်းက ယောင်္ကျားလေး ၂ ဒသမ ၈ ရာခိုင်နှုန်း ၊မိန်းကလေး ၁ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။အဲဒီမှာ မြို့ပြက ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ကျေးလက် က ၂ ဒသမ ၅ရာခိုင်နှုန်း စုစုပေါင်း ၂ ဒသမ ၃ ရာခိုင်နှုန်း ရှိတယ်။
အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ ရှိနေတဲ့ ကလေးလုပ်သား ရာခိုင်နှုန်းကတော့ ယောင်္ကျားလေး ၂ ဒသမ ၃ ရာခိုင်နှုန်း ၊မိန်းကလေး ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်။အဲဒီမှာ မြို့ပြ က ၁ ဒသမ ၆ ရာခိုင်နှုန်း ၊ ကျေးလက်က ၂ ဒသမ ၂ စုစုပေါင်း ၂ ဒသမ ၁ ရာခိုင်နှုန်းကျော် ရှိနေပါတယ်”ဟု အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှုး ဦးကျော်ကျော်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးလုပ်သား ပပျောက်ရေးအတွက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၈ ခုနှစ် မှ စတင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း စီမံချက်ကို ၂၀၁၉ ခုနှစ် မှ ၂၀၃၃ ခုနှစ်ထိ ရေးဆွဲထားကာ လက်ရှိအကောင်အထည်ဖော်လျက် ရှိကြောင်းလည်း သိရသည်။

ယင်းတွင် လုပ်ငန်း ကော်မတီ ၈ ရပ် နှင့် အတွင်းရေးမှူး အဖွဲ့ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားများ အဖြစ် ခိုင်းစေမှု အထူးသဖြင့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုကို လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန် ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့် အညီ ထိရောက်စွာ အကာအကွယ်ပေးရန် နှင့် အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးနှင့် သက်မွေးပညကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်မှန်းချက် ချမှတ်လုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား များနှင့် ပတ်သက်၍ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေနှင့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတို့ဖြင့်ကလေးသူများအားအကာအကွယ် ပေးထားကြောင်း၊ကလေးများ အလုပ်လုပ်ရာတွင် အနိမ့်ဆုံး အသက် ၁၄ နှစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းတွင် ဘတ်ဂျက် သုံးစွဲမှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန က တာဝန်ယူ၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ၊နေပြည်တော် ကောင်စီ၊တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၏ နိုင်ငံတော် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေအရ ခွဲဝေချထားငွေ ။ ပြည်တွင်းပြည်ပ အဖွ့ဲအစည်းများနှင့်လူပုဂ္ဂိုလ် များ၏ ကူညီထောက်ပံ့လှူဒါန်းငွေ၊ဥပဒေနှင့်အညီ စုဆောင်းထိန်းသိမ်းထားသော အခြားငွေကြေးအရင်းအမြစ်များက ရယူလုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

Zaw Gyi

 

ျမန္မာနိုင္ငံတြင္ အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္ အတြင္းအလုပ္လုပ္ေနေသာ ကေလးလုပ္သား ဒသမ ၂၅ သန္း ရွိေန

ျမန္မာနိုင္ငံတြင္ အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္အတြင္းအလုပ္လုပ္ေနေသာ ကေလးလုပ္သား အေရအတြက္မွာ တစ္နိုင္ငံလုံးရွိ ကေလးအေရအတြက္အနက္ ဒသမ ၂၅ သန္း ရွိေနေၾကာင္း အလုပ္သမား ဝန္ႀကီးဌာန အလုပ္႐ုံႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

တစ္နိုင္ငံလုံးတြင္ အသက္ ၅ ႏွစ္မွ ၁၇ ႏွစ္ထိ စုစုေပါင္း ၁၂ ဒသမ ၃၃ သန္း ရွိၿပီး ယင္းတြင္ ၿမိဳ႕ျပ၌ ၂ ဒသမ ၉၅ သန္း၊ေက်းလက္တြင္ ၉ ဒသမ ၃၈ သန္း ရွိကာ ေယာကၤ်ားေလး ၆ ဒသမ ၁၂ သန္း ႏွင့္ မိန္းကေလး ၆ ဒသမ ၂၁ သန္း ရွိသည့္အနက္
အလုပ္လုပ္ေသာ ကေလးအေရအတြက္မွာ ၿမိဳ႕ျပတြင္ ဒသမ ၇ သန္း ၊ေက်းလက္တြင္ ဒသမ ၃၀ သန္း ရွိ ရာ အလုပ္လုပ္ေသာ ေယာကၤ်ားေလးဒသမ ၂၁ သန္း၊အလုပ္လုပ္ေသာ မိန္းကေလးဒသမ ၁၆ သန္း ၊ ကေလးလုပ္သား ပမာဏမွာ ၿမိဳ႕ျပတြင္ ဒသမ ၀၅ သန္း ၊ ေက်းလက္တြင္ဒသမ ၂၄ သန္း ရွိကာ ကေလးလုပ္သားေယာကၤ်ားေလး ဒသမ ၁၇ သန္း၊ ကေလးလုပ္သားမိန္းကေလး ဒသမ ၀၅ သန္း ရွိေၾကာင္း အဆိုပါ စာရင္းမ်ားအရ သိရသည္။

အဆိုပါ ကေလးလုပ္သားမ်ားထဲတြင္ အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္အတြင္း အလုပ္လုပ္ေနသာ ကေလးလုပ္သားမွာ ၿမိဳ႕ျပတြင္ ဒသမ ၀၅ သန္း၊ေက်းလက္တြင္ ဒသမ ၂၀ သန္း ရွိရာ ေယာကၤ်ားေလးအေရအတြက္မွာ ဒသမ ၁၄ သန္း ၊ မိန္းကေလး အေရအတြက္မွာ ဒသမ ၁၁ သန္း ရွိေၾကာင္း သိရသည္။

“အလုပ္လုပ္တဲ့ ကေလး ေယာကၤ်ားေလး ၃ ဒသမ ၅ ရာခိုင္ႏွုန္း ၊ မိန္းကေလး ၂ ဒသမ ၅ ရာခိုင္ႏွုန္း ၊ အဲဒီမွာ ၿမိဳ႕ျပေနတဲ့ အေရအတြက္ ၂ ဒသမ ၄ ရာခိုင္ႏွုန္း၊ ေက်းလက္မွာ ေနတာ ၃ ဒသမ၂ ရာခိုင္ႏွုန္း စုစုေပါင္း ၃ ဒသမ ၀ ရာခိုင္ႏွုန္း
ရွိတဲ့အနက္ ကေလးလုပ္သား ရာခိုင္ႏွုန္းက ေယာကၤ်ားေလး ၂ ဒသမ ၈ ရာခိုင္ႏွုန္း ၊မိန္းကေလး ၁ ဒသမ ၉ ရာခိုင္ႏွုန္းရွိတယ္။အဲဒီမွာ ၿမိဳ႕ျပက ၁ ဒသမ ၈ ရာခိုင္ႏွုန္း၊ ေက်းလက္ က ၂ ဒသမ ၅ရာခိုင္ႏွုန္း စုစုေပါင္း ၂ ဒသမ ၃ ရာခိုင္ႏွုန္း ရွိတယ္။
အႏၲရာယ္ရွိတဲ့ လုပ္ငန္းခြင္မွာ ရွိေနတဲ့ ကေလးလုပ္သား ရာခိုင္ႏွုန္းကေတာ့ ေယာကၤ်ားေလး ၂ ဒသမ ၃ ရာခိုင္ႏွုန္း ၊မိန္းကေလး ၁ ဒသမ ၈ ရာခိုင္ႏွုန္း ရွိတယ္။အဲဒီမွာ ၿမိဳ႕ၿပ က ၁ ဒသမ ၆ ရာခိုင္ႏွုန္း ၊ ေက်းလက္က ၂ ဒသမ ၂ စုစုေပါင္း ၂ ဒသမ ၁ ရာခိုင္ႏွုန္းေက်ာ္ ရွိေနပါတယ္”ဟု အလုပ္႐ုံႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန၏ ညႊန္ၾကားေရးမွုး ဦးေက်ာ္ေက်ာ္ထြန္းက ေျပာသည္။

ျမန္မာနိုင္ငံတြင္ ကေလးလုပ္သား ပေပ်ာက္ေရးအတြက္ ျမန္မာနိုင္ငံ ကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီကို ၂၀၁၈ ခုႏွစ္ မွ စတင္ ဖြဲ႕စည္းခဲ့ၿပီး အမ်ိဳးသားအဆင့္ ကေလး အလုပ္သမား ပေပ်ာက္ေရးဆိုင္ရာ လုပ္ငန္း စီမံခ်က္ကို ၂၀၁၉ ခုႏွစ္ မွ ၂၀၃၃ ခုႏွစ္ထိ ေရးဆြဲထားကာ လက္ရွိအေကာင္အထည္ေဖာ္လ်က္ ရွိေၾကာင္းလည္း သိရသည္။

ယင္းတြင္ လုပ္ငန္း ေကာ္မတီ ၈ ရပ္ ႏွင့္ အတြင္းေရးမွူး အဖြဲ႕ကို ဖြဲ႕စည္း၍ ျမန္မာနိုင္ငံတြင္ ကေလးမ်ားအား ကေလးအလုပ္သမားမ်ား အျဖစ္ ခိုင္းေစမွု အထူးသျဖင့္ အဆိုးရြားဆုံး ပုံစံျဖင့္ ခိုင္းေစမွုကို ေလ်ာ့နည္းပေပ်ာက္ေစရန္ႏွင့္ ထိေရာက္စြာ တားဆီးကာကြယ္ရန္ ၊ ဥပေဒအရ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ ရွိသည့္ ကေလးအလုပ္သမားမ်ားအား ဥပေဒႏွင့္ အညီ ထိေရာက္စြာ အကာအကြယ္ေပးရန္ ႏွင့္ အႏၲရာယ္ရွိေသာ အလုပ္ႏွင့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္ေနရသည့္ ကေလးအလုပ္သမားမ်ားအား ဖယ္ရွားၿပီး သင့္ေလ်ာ္ေကာင္းမြန္ေသာ အလုပ္အကိုင္ ရရွိေရးႏွင့္ သက္ေမြးပညေက်ာင္းမ်ား တက္ေရာက္နိုင္ေရး စီမံေဆာင္ရြက္ေပးရန္ ရည္မွန္းခ်က္ ခ်မွတ္လုပ္ေဆာင္ ေနေၾကာင္း ၎က ေျပာသည္။

ျမန္မာနိုင္ငံတြင္ ကေလးအလုပ္သမား မ်ားႏွင့္ ပတ္သက္၍ ၁၉၅၁ ခုႏွစ္ အလုပ္႐ုံမ်ား အက္ဥပေဒ ၊ ၂၀၁၆ ခုႏွစ္ ဆိုင္မ်ားႏွင့္ အလုပ္ဌာနမ်ားဥပေဒႏွင့္ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒတို႔ျဖင့္ကေလးသူမ်ားအားအကာအကြယ္ ေပးထားေၾကာင္း၊ကေလးမ်ား အလုပ္လုပ္ရာတြင္ အနိမ့္ဆုံး အသက္ ၁၄ ႏွစ္ သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

အဆိုပါ ကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာလုပ္ငန္းတြင္ ဘတ္ဂ်က္ သုံးစြဲမွုအတြက္ ရင္းႏွီးျမႇုပ္ႏွံမွုႏွင့္ နိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန က တာဝန္ယူ၍ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းမ်ား ၊ေနျပည္ေတာ္ ေကာင္စီ၊တိုင္းေဒသႀကီး ျပည္နယ္အစိုးရမ်ား၏ နိုင္ငံေတာ္ ဘ႑ာေငြ အရ အသုံးဆိုင္ရာ ဥပေဒအရ ခြဲေဝခ်ထားေငြ ။ ျပည္တြင္းျပည္ပ အဖြ႕ဲအစည္းမ်ားႏွင့္လူပုဂၢိဳလ္ မ်ား၏ ကူညီေထာက္ပံ့လွူဒါန္းေငြ၊ဥပေဒႏွင့္အညီ စုေဆာင္းထိန္းသိမ္းထားေသာ အျခားေငြေၾကးအရင္းအျမစ္မ်ားက ရယူလုပ္ေဆာင္ေနၾကေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here