ကိုဗစ်ကာလ အတွင်း ကိုယ်ဝန်ဆောင်သည် ၃ဦးလျှင် ၁ဦးမှာ စိတ်ကျရောဂါဖြစ်ပွားနိုင်

0
168

ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင်သည် ၃ဦးလျှင် ၁ဦးမှာ စိတ်ကျရောဂါဖြစ်ပွားနိုင်

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရှည်လျားတဲ့ကာလတွေကြောင့် အမျိုးသမီး ၃ဦးမှာ ၁ဦးက စိတ်ကျရောဂါဖြစ်ပွားနိုင်တယ်လို့ သုတေသနပညာရှင်တွေကဆိုပါတယ်။

Kindai University Oriental ဆေးဝါးသုတေသနတက္ကသိုလ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၂၂ဦးကို စစ်တမ်းကောက်ယူထားတာဖြစ်ပြီး ရလဒ်တွေအရ အမျိုးသမီး ၃ဦးမှာ ၁ဦးက စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းမှာလည်း ဂျပန်နိုင်ငံ Yokohama တက္ကသိုလ်မှ အလားတူစမ်းသပ်ချက်မျိုးပြုလုပ်ခဲ့ဖူးတာရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀မှာ ၁၃.၂%က စိတ်ကျရောဂါနဲ့ အခြားစိတ်ကစဉ့်ကလျားရောဂါတွေ ရင်ဆိုင်နေကြရတာကိုတွေ့ရပါတယ်။

သုတေသနပြုလုပ်ခဲ့တဲ့တက္ကသိုလ်ရဲ့ဒါရိုက်တာ Takeda Takashi က “ကပ်ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင်တွေမှာ စိတ်ကျရောဂါဖြစ်တာက မိခင်ကိုယ်တိုင်သာမက ကလေးကိုပါဖြစ်နိုင်ပါတယ်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နိုင်ငံ့အစိုးရအနေနဲ့လည်း ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းပေးသင့်ပါတယ်” လို့ ပြောဆိုထားပါတယ်။

Source – One in three pregnant women may suffer depression

Zaw Gyi

ကိုဗစ္ကာလအတြင္း ကိုယ္ဝန္ေဆာင္သည္ ၃ဦးလၽွင္ ၁ဦးမွာ စိတ္က်ေရာဂါျဖစ္ပြားနိုင္

ကမၻာ့ကပ္ေရာဂါ ကိုရိုနာဗိုင္းရပ္စ္ရဲ့ ရွည္လ်ားတဲ့ကာလေတြေၾကာင့္ အမ်ိဳးသမီး ၃ဦးမွာ ၁ဦးက စိတ္က်ေရာဂါျဖစ္ပြားနိုင္တယ္လို႔ သုေတသနပညာရွင္ေတြကဆိုပါတယ္။

Kindai University Oriental ေဆးဝါးသုေတသနတကၠသိုလ္က ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၁၀၂၂ဦးကို စစ္တမ္းေကာက္ယူထားတာျဖစ္ၿပီး ရလဒ္ေတြအရ အမ်ိဳးသမီး ၃ဦးမွာ ၁ဦးက စိတ္ဓာတ္ပိုင္းဆိုင္ရာျပႆနာေတြ ၾကဳံေတြ႕ေနၾကရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလအတြင္းမွာလည္း ဂ်ပန္နိုင္ငံ Yokohama တကၠသိုလ္မွ အလားတူစမ္းသပ္ခ်က္မ်ိဳးျပဳလုပ္ခဲ့ဖူးတာရွိၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၁၀၀မွာ ၁၃.၂%က စိတ္က်ေရာဂါနဲ႔ အျခားစိတ္ကစဉ့္ကလ်ားေရာဂါေတြ ရင္ဆိုင္ေနၾကရတာကိုေတြ႕ရပါတယ္။

သုေတသနျပဳလုပ္ခဲ့တဲ့တကၠသိုလ္ရဲ့ဒါရိုက္တာ Takeda Takashi က “ကပ္ေရာဂါကာလအတြင္း ကိုယ္ဝန္ေဆာင္ေတြမွာ စိတ္က်ေရာဂါျဖစ္တာက မိခင္ကိုယ္တိုင္သာမက ကေလးကိုပါျဖစ္နိုင္ပါတယ္၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ နိုင္ငံ့အစိုးရအေနနဲ႔လည္း ဒီအေျခအေနကို ကိုင္တြယ္ေျဖရွင္းေပးသင့္ပါတယ္” လို႔ ေျပာဆိုထားပါတယ္။

Source – One in three pregnant women may suffer depression


LEAVE A REPLY

Please enter your comment!
Please enter your name here