ကျိုက်နဲဘုရားပွဲတော်အတွင်း ရေနစ်သေဆုံးမှု၁၅လောင်းတွေ့ထား ဆက်လက်ရှာဖွေလျှက်ရှိ

0
67

ကျိုက်နဲဘုရားပွဲတော်အတွင်း ရေနစ်သေဆုံးမှု၁၅လောင်းတွေ့ထား ဆက်လက်ရှာဖွေလျှက်ရှိ


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၏ အလွန်စည်ကားသောကျိုက်နဲဘုရားပွဲတော်အတွင်း ယနေ့နိုဝင်ဘာ ၂၁ရက် မနက်ပိုင်းက ရေထဲပြုတ်ကျပြီးသေဆုံးသွားသူများရှိနေ၍ ကယ်ဆယ်ရေးအဖွဲ့များကရှာဖွေနေကြသည်။

Dead Body၁၅လောင်းရှာဖွေတွေ့ ရှိထားပြီး ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းတို့ကို မွန်မြတ်စေတနာ ကျုံကဒတ်မှ သံဖြူဇရပ်ဆေးရုံ ပို့ဆောင်ထားသည်။

“ကျောက်စလစ်လမ်းကနေ ဘုရားကိုသွားကြတာပေါ့။ပင်လယ်ဆိုတော့လှိုင်းပုတ်တော့ ရေထဲပြုတ်ကျကုန်တာ။စက်လှေမှောက်တာတို့ဘာတို့ဖြစ်တာမဟုတ်ဘူး”ဟုရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် မွန်မြတ်စေတနာကျုံကဒက်မှ တာဝန်ရှိသူကပြောသည်။


ကျိုက်နဲဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်ကျော်၂ရက်နေ့ကစပြီး ကျင်းပပြုလုပ်လေ့ရှိရာ ဘုရားပွဲအစ ယနေ့တွင် လူဦးရေထောင်နှင့်ချီလာခဲ့ကြသည်။

“ဘုရားဖူးတွေအတော်များတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ရှာဖွေကယ်ဆယ်စဉ်အသက်ရှင်လျှက် ပြန်လည်တွေ့ရှိသူများလည်း ရှိခဲ့သည်။

ဓါတ်ပုံ-ကယ်ဆယ်ရေးအသင်းများနှင့်ဒေသခံများရိုက်ကူးထားသည့်ပုံများဖြစ်ပါသည်။

Zaw Gyi

“က်ိဳက္နဲဘုရားပြဲေတာ္အတြင္း ေရနစ္ေသဆုံးမွု၁၅ေလာင္းေတြ႕ထား ဆက္လက္ရွာေဖြလၽွက္ရွိ

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္၏ အလြန္စည္ကားေသာက်ိဳက္နဲဘုရားပြဲေတာ္အတြင္း ယေန႔နိုဝင္ဘာ ၂၁ရက္ မနက္ပိုင္းက ေရထဲျပဳတ္က်ၿပီးေသဆုံးသြားသူမ်ားရွိေန၍ ကယ္ဆယ္ေရးအဖြဲ႕မ်ားကရွာေဖြေနၾကသည္။

Dead Body၁၅ေလာင္းရွာေဖြေတြ႕ ရွိထားၿပီး ရွာေဖြေတြ႕ရွိထားသည့္ ႐ုပ္အေလာင္းတို႔ကို မြန္ျမတ္ေစတနာ က်ဳံကဒတ္မွ သံျဖဴဇရပ္ေဆး႐ုံ ပို႔ေဆာင္ထားသည္။

“ေက်ာက္စလစ္လမ္းကေန ဘုရားကိုသြားၾကတာေပါ့။ပင္လယ္ဆိုေတာ့လွိုင္းပုတ္ေတာ့ ေရထဲျပဳတ္က်ကုန္တာ။စက္ေလွေမွာက္တာတို႔ဘာတို႔ျဖစ္တာမဟုတ္ဘူး”ဟုရွာေဖြကယ္ဆယ္ေရးေဆာင္ရြက္ေနသည့္ မြန္ျမတ္ေစတနာက်ဳံကဒက္မွ တာဝန္ရွိသူကေျပာသည္။


က်ိဳက္နဲဘုရားပြဲေတာ္ကို တန္ေဆာင္မုန္းလျပည့္ေက်ာ္၂ရက္ေန႔ကစၿပီး က်င္းပျပဳလုပ္ေလ့ရွိရာ ဘုရားပြဲအစ ယေန႔တြင္ လူဦးေရေထာင္ႏွင့္ခ်ီလာခဲ့ၾကသည္။

“ဘုရားဖူးေတြအေတာ္မ်ားတယ္”ဟု ေဒသခံတစ္ဦးကေျပာသည္။

ရွာေဖြကယ္ဆယ္စဥ္အသက္ရွင္လၽွက္ ျပန္လည္ေတြ႕ရွိသူမ်ားလည္း ရွိခဲ့သည္။

ဓါတ္ပုံ-ကယ္ဆယ္ေရးအသင္းမ်ားႏွင့္ေဒသခံမ်ားရိုက္ကူးထားသည့္ပုံမ်ားျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here