မန္တလေးတိုင်းက ရမည်းသင်းနဲ့ ပျော်ဘွယ်တို့မှာ စိတ်ကြွဆေးပြားတွေ ဖမ်းမိ

0
110

မန္တလေးတိုင်းက ရမည်းသင်းနဲ့ပျော်ဘွယ်တို့မှာ စိတ်ကြွဆေးပြားတွေဖမ်းမိ

မန္တလေးတိုင်းက ရမည်းသင်းမြို့နယ်နဲ့ပျော်ဘွယ်မြို့နယ်တို့မှာ နိုဝင်ဘာ ၂၀ ရက်မနက်ပိုင်းနဲ့နေ့လည်ပိုင်းတို့က စိတ်ကြွဆေး ၇၄၀၀ ပြားကိုဖမ်းမိခဲ့ပါတယ်။

အဲဒီနေ့ နေ့လည် ၁ နာရီမှာ ရမည်းသင်းမြို့နယ်၊ရွှေနတ်တောင်ရွာနားမှာ ဆိုင်ကယ်နားမှာရပ်နေတဲ့ ကျော်သန်း(၅၄)နှစ်ရဲ့ ဘေးလွယ်အိတ်ထဲကနေ စိတ်ကြွဆေး ၃၆၀၀ ပြားကိုဖမ်းမိခဲ့တယ်လို့ ရဲကပြောပါတယ်။

အလားတူပဲ မနက် ၁၀ နာရီမှာ ပျော်ဘွယ်မြို့၊မြို့မရပ်ကွက်၊တပင်ရွှေထီးလမ်းနဲ့နဝဒေးလမ်းဆုံနားမှာ လမ်းလျှောက်လာတဲ့ လဲ့လဲ့ဝင်း(၃၅)နှစ်ကိုင်ထားတဲ့လက်ဆွဲခြင်းထဲကနေ စိတ်ကြွဆေး ၃၈၀၀ ပြားကိုဖမ်းဆီးရမိခဲ့ပါတယ်။

စိတ်ကြွဆေးပြားတွေနဲ့အတူဖမ်းမိတဲ့ နှစ်ယောက်ကို သက်ဆိုင်ရာရဲစခန်းတွေက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူတွေကိုထပ်ပြီးဖမ်းမိဖို့အတွက် စစ်ဆေးနေကြောင်း ရဲကပြောပါတယ်။

Zaw Gyi

မႏၲေလးတိုင္းက ရမည္းသင္းနဲ႔ေပ်ာ္ဘြယ္တို႔မွာ စိတ္ႂကြေဆးျပားေတြဖမ္းမိ

မႏၲေလးတိုင္းက ရမည္းသင္းၿမိဳ႕နယ္နဲ႔ေပ်ာ္ဘြယ္ၿမိဳ႕နယ္တို႔မွာ နိုဝင္ဘာ ၂၀ ရက္မနက္ပိုင္းနဲ႔ေန႔လည္ပိုင္းတို႔က စိတ္ႂကြေဆး ၇၄၀၀ ျပားကိုဖမ္းမိခဲ့ပါတယ္။

အဲဒီေန႔ ေန႔လည္ ၁ နာရီမွာ ရမည္းသင္းၿမိဳ႕နယ္၊ေရႊနတ္ေတာင္ရြာနားမွာ ဆိုင္ကယ္နားမွာရပ္ေနတဲ့ ေက်ာ္သန္း(၅၄)ႏွစ္ရဲ့ ေဘးလြယ္အိတ္ထဲကေန စိတ္ႂကြေဆး ၃၆၀၀ ျပားကိုဖမ္းမိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

အလားတူပဲ မနက္ ၁၀ နာရီမွာ ေပ်ာ္ဘြယ္ၿမိဳ႕၊ၿမိဳ႕မရပ္ကြက္၊တပင္ေရႊထီးလမ္းနဲ႔နဝေဒးလမ္းဆုံနားမွာ လမ္းေလၽွာက္လာတဲ့ လဲ့လဲ့ဝင္း(၃၅)ႏွစ္ကိုင္ထားတဲ့လက္ဆြဲျခင္းထဲကေန စိတ္ႂကြေဆး ၃၈၀၀ ျပားကိုဖမ္းဆီးရမိခဲ့ပါတယ္။

စိတ္ႂကြေဆးျပားေတြနဲ႔အတူဖမ္းမိတဲ့ ႏွစ္ေယာက္ကို သက္ဆိုင္ရာရဲစခန္းေတြက မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမွုဖြင့္ၿပီး ျပစ္မွုက်ဴးလြန္သူေတြကိုထပ္ၿပီးဖမ္းမိဖို႔အတြက္ စစ္ေဆးေနေၾကာင္း ရဲကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here