လှိုင်မြစ်-လှော်ကားရေအားဖြည့်စီမံကိန်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာပြီးစီးမည်

0
261

(Unicode)

လှိုင်မြစ်-လှော်ကားရေအားဖြည့်စီမံကိန်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာပြီးစီးမည်

လာမဲ့နွေရာသီကစပြီး ရန်ကုန်မြို့ကို သောက်သုံး ရေဖူလုံအောင်ဖြန့်ဖြူးပေးနိုင်မဲ့ ဒီစီမံကိန်းဟာ ၂၀၂၁ ခုနှစ် မေလမှာစဆောက်ပြီး ရန်ကုန်မြို့နေသူတွေရေသုံးစွဲဖို့အဆင်ပြေအောင် လှော်ကားရေလှောင်ကန်ဆီ နေ့စဥ်ရေဂါလံသန်း ၆၀ ကို မှော်ဘီမြို့နယ်၊ကန်ကလေးလျှပ်စစ်မြစ်ရေတင် PS1 နှင့် PS2 ကလှိုင်မြစ်ရေကိုယူပြီး ဖူးကြီးရေလှောင်ကန်ကနေ အချင်း ၆၀ လက်မရှိတဲ့ သံဖြူ ကွန်ကရစ် ရေပိုပိုက်လိုင်း(သို့)1600mm HDPE ပိုက်နဲ့ချိတ်ဆက်ပို့ဆောင်ဖြည့်တင်းပေးမဲ့ စီမံကိန်းဖြစ်ပါတယ်။

လက်ရှိမှာ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကလုပ်တဲ့ မြေသားအကြိုအနည်ထိုင်ကန် ၁၀၀ ရာခိုင်နှုန်း၊ပိုက်လိုင်းအရှည် ၃.၂ မိုင် ဆက်သွယ်တာ ၈၅ ရာခိုင်နှုန်း၊ရေတွန်းစက်ရုံနဲ့ရေယူအဆောက်အအုံ ရေယူဂိတ်တံခါးတွေ ၆၀ ရာခိုင်နှုန်း ပြီးသွားပါပြီ။

ဒါ့အပြင် ဆည်းမြောင်းနဲ့ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)ကလုပ်ဆောင်နေမှုတွေကလည်း ရာခိုင်နှုန်းအတော်များများပြီးနေပါပြီ။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကလုပ်နေတဲ့ ဓာတ်အားခွဲရုံအဆောက်အအုံနဲ့ မြို့ပြဆိုင်ရာလုပ်ငန်းက ၇၀ ရာခိုင်နှုန်းဆီ ပြီးစီးနေပါပြီ။

မြောင်းတကာပင်မဓာတ်အားခွဲရုံက ရေတွန်းစက်ရုံဓာတ်အားခွဲရုံနဲ့ကန်ကလေးလျှပ်စစ်ရေတင်လုပ်ငန်းဓာတ်အားခွဲရုံတွေကို 33KV ဓာတ်အားလိုင်း နှစ်လိုင်း ဆောက်တာ ဆက်စပ်မြေအောက်ဓာတ်ကြိုးတွေ ချမြှုပ်ကာ 33/6.6KV, 4MVA ရေတွန်းစက် ဓာတ်အားခွဲရုံနဲ့ 33/3.3KV, 2.5MVA ကန်ကလေးလျှပ်စစ်မြစ်ရေတင်ဓာတ်အားခွဲရုံ တည်ဆောက်တာတွေလည်း ရာခိုင်နှုန်းအတော်များများပြီးသွားပြီဖြစ်ပါတယ်။

အဲဒီစီမံကိန်းကိုလုပ်ဆောင်ရခြင်းဟာ ရန်ကုန်မြို့တွင်းကို အဓိကသောက်သုံးရေပေးဝေနေတဲ့ လှော်ကားရေလှောင်ကန်ကြီးရဲ့ ရေသိုလှောင်မှုပမာဏ မလျော့ကျစေရေးအတွက် ဖော်ဆောင်ရခြင်းဖြစ်ပါတယ်။

(Zawgyi)

လႈိင္ျမစ္-ေလွာ္ကားေရအားျဖည့္စီမံကိန္း ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာၿပီးစီးမည္

လာမဲ့ေႏြရာသီကစၿပီး ရန္ကုန္ၿမိဳ႕ကို ေသာက္သုံး ေရဖူလုံေအာင္ျဖန္႔ျဖဴးေပးႏိုင္မဲ့ ဒီစီမံကိန္းဟာ ၂၀၂၁ ခုႏွစ္ ေမလမွာစေဆာက္ၿပီး ရန္ကုန္ၿမိဳ႕ေနသူေတြေရသုံးစြဲဖို႔အဆင္ေျပေအာင္ ေလွာ္ကားေရေလွာင္ကန္ဆီ ေန႔စဥ္ေရဂါလံသန္း ၆၀ ကို ေမွာ္ဘီၿမိဳ႕နယ္၊ကန္ကေလးလွ်ပ္စစ္ျမစ္ေရတင္ PS1 ႏွင့္ PS2 ကလႈိင္ျမစ္ေရကိုယူၿပီး ဖူးႀကီးေရေလွာင္ကန္ကေန အခ်င္း ၆၀ လက္မရွိတဲ့ သံျဖဴ ကြန္ကရစ္ ေရပိုပိုက္လိုင္း(သို႔)1600mm HDPE ပိုက္နဲ႔ခ်ိတ္ဆက္ပို႔ေဆာင္ျဖည့္တင္းေပးမဲ့ စီမံကိန္းျဖစ္ပါတယ္။

လက္ရွိမွာ အင္ဂ်င္နီယာဌာန(ေရႏွင့္သန႔္ရွင္းမႈ)ကလုပ္တဲ့ ေျမသားအႀကိဳအနည္ထိုင္ကန္ ၁၀၀ ရာခိုင္ႏႈန္း၊ပိုက္လိုင္းအရွည္ ၃.၂ မိုင္ ဆက္သြယ္တာ ၈၅ ရာခိုင္ႏႈန္း၊ေရတြန္းစက္႐ုံနဲ႔ေရယူအေဆာက္အအုံ ေရယူဂိတ္တံခါးေတြ ၆၀ ရာခိုင္ႏႈန္း ၿပီးသြားပါၿပီ။

ဒါ့အျပင္ ဆည္းေျမာင္းနဲ႔ေရအသုံးခ်မႈ စီမံခန႔္ခြဲေရးဦးစီးဌာန(ေရအရင္းအျမစ္)ကလုပ္ေဆာင္ေနမႈေတြကလည္း ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားၿပီးေနပါၿပီ။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းကလုပ္ေနတဲ့ ဓာတ္အားခြဲ႐ုံအေဆာက္အအုံနဲ႔ ၿမိဳ႕ျပဆိုင္ရာလုပ္ငန္းက ၇၀ ရာခိုင္ႏႈန္းဆီ ၿပီးစီးေနပါၿပီ။

ေျမာင္းတကာပင္မဓာတ္အားခြဲ႐ုံက ေရတြန္းစက္႐ုံဓာတ္အားခြဲ႐ုံနဲ႔ကန္ကေလးလွ်ပ္စစ္ေရတင္လုပ္ငန္းဓာတ္အားခြဲ႐ုံေတြကို 33KV ဓာတ္အားလိုင္း ႏွစ္လိုင္း ေဆာက္တာ ဆက္စပ္ေျမေအာက္ဓာတ္ႀကိဳးေတြ ခ်ျမႇဳပ္ကာ 33/6.6KV, 4MVA ေရတြန္းစက္ ဓာတ္အားခြဲ႐ုံနဲ႔ 33/3.3KV, 2.5MVA ကန္ကေလးလွ်ပ္စစ္ျမစ္ေရတင္ဓာတ္အားခြဲ႐ုံ တည္ေဆာက္တာေတြလည္း ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားၿပီးသြားၿပီျဖစ္ပါတယ္။

အဲဒီစီမံကိန္းကိုလုပ္ေဆာင္ရျခင္းဟာ ရန္ကုန္ၿမိဳ႕တြင္းကို အဓိကေသာက္သုံးေရေပးေဝေနတဲ့ ေလွာ္ကားေရေလွာင္ကန္ႀကီးရဲ႕ ေရသိုေလွာင္မႈပမာဏ မေလ်ာ့က်ေစေရးအတြက္ ေဖာ္ေဆာင္ရျခင္းျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here