စွဲဆိုထားသည့် အမှု၂မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို

0
147

(Unicode)

စွဲဆိုထားသည့် အမှု၂မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ စွဲဆိုထားတဲ့အမှု ၁မှုနဲ့ ပိုကုန်သွင်းကုန်အမှု ၁မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကနေ့ ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

အခုထွက်ဆိုချက်ဟာ စွပ်စွဲခံရသူ(တရားရုံးအခေါ်) ဘက်ကသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ပုဒ်မ၁၄၄ထုတ်ပြီး ဖြေဆိုခွင့် တားမြစ်ထားတာကြောင့် ဘာတွေ ထွက်ဆိုခဲ့လည်း ဆိုတာ အသေးစိတ်မသိရှိရပါဘူး။

ဖေဖော်ဝါရီ ၁ရက်နေ့ ကစပြီး ထိန်းသိမ်းဖမ်းဆီးခံထားရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှု၁၁မှုနဲ့ တရားစွဲဆိုထားတာပါ။

နေပြည်တော်အထူးတရားရုံး မှာ ဒီကနေ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုထားတဲ့အမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ စွဲဆိုထားတဲ့အမှု ၁မှုနဲ့ ပို့ကုန်သွင်းကုန်အမှု ၁မှုတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စွဲဆိုထားတဲ့ အမှုတွေအနက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ် ကြီးဥပဒေပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲဆိုထားတဲ့အမှုကိုလည်း နိုဝင်ဘာလ ၃၀ ရက်မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။

နောက်ပြီး စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မနဲ့ စပ်လျဉ်းတဲ့ အမှုကို ဒီဇင်ဘာ ၆ရက်နေ့မှာ အမိန့်ချဖို့ လည်း ရှိနေပါတယ်။

ဒီဇင်ဘာ ၆ရက်မှာ အမိန့်ချဖို့ရှိတဲ့ အမှုက အိမ်တော်အသီးသီးကနေ ထွက်ပြီး ရွေးကောက်ပွဲမဲဆွယ်ယာဉ်တန်းကို လက်ပြနှုတ်ဆက်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအမှုနဲ့ စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

(Zawgyi)

စြဲဆိုထားသည့္ အမႈ၂မႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သက္ေသထြက္ဆို

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက ဆက္သြယ္ေရးဥပေဒပုဒ္မနဲ႔ စြဲဆိုထားတဲ့အမႈ ၁မႈနဲ႔ ပိုကုန္သြင္းကုန္အမႈ ၁မႈတို႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဒီကေန႔ ႐ုံးခ်ိန္းမွာ သက္ေသထြက္ဆိုခဲ့ပါတယ္။

အခုထြက္ဆိုခ်က္ဟာ စြပ္စြဲခံရသူ(တရား႐ုံးအေခၚ) ဘက္ကသက္ေသအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ သက္ေသထြက္ဆိုခဲ့တာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကို ပုဒ္မ၁၄၄ထုတ္ၿပီး ေျဖဆိုခြင့္ တားျမစ္ထားတာေၾကာင့္ ဘာေတြ ထြက္ဆိုခဲ့လည္း ဆိုတာ အေသးစိတ္မသိရွိရပါဘူး။

ေဖေဖာ္ဝါရီ ၁ရက္ေန႔ ကစၿပီး ထိန္းသိမ္းဖမ္းဆီးခံထားရၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈ၁၁မႈနဲ႔ တရားစြဲဆိုထားတာပါ။

ေနျပည္ေတာ္အထူးတရား႐ုံး မွာ ဒီကေန႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒနဲ႔ စြဲဆိုထားတဲ့အမႈ၊ ဆက္သြယ္ေရးဥပေဒပုဒ္မနဲ႔ စြဲဆိုထားတဲ့အမႈ ၁မႈနဲ႔ ပို႔ကုန္သြင္းကုန္အမႈ ၁မႈတို႔ကို စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

စြဲဆိုထားတဲ့ အမႈေတြအနက္က ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဦးဝင္းျမင့္၊ ေဒါက္တာမ်ိဳးေအာင္တို႔အေပၚ ရာဇသတ္ ႀကီးဥပေဒပုဒ္မ ၅၀၅-ခ နဲ႔ တရားစြဲဆိုထားတဲ့အမႈကိုလည္း ႏိုဝင္ဘာလ ၃၀ ရက္မွာ အၿပီးသတ္အမိန႔္ခ်မွတ္ဖို႔ ရွိေနပါတယ္။

ေနာက္ၿပီး စြဲဆိုထားတဲ့ အမႈေတြထဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မနဲ႔ စပ္လ်ဥ္းတဲ့ အမႈကို ဒီဇင္ဘာ ၆ရက္ေန႔မွာ အမိန႔္ခ်ဖို႔ လည္း ရွိေနပါတယ္။

ဒီဇင္ဘာ ၆ရက္မွာ အမိန႔္ခ်ဖို႔ရွိတဲ့ အမႈက အိမ္ေတာ္အသီးသီးကေန ထြက္ၿပီး ေ႐ြးေကာက္ပြဲမဲဆြယ္ယာဥ္တန္းကို လက္ျပႏႈတ္ဆက္ခဲ့လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို သဘာဝေဘးအမႈနဲ႔ စြဲဆိုထားတဲ့အမႈျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here